Preview

ရန်ကုန်တွင်ဖမ်းမိသည့် ကျပ် ၄ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၄၂ သိန်းကျော်၏ပိုင်ရှင်မှာ မောင်တောမြို့မရဲစခန်းတွင် ဖမ်းဆီးခံနေရသူဟုဆို

ဇွန် ၂၂/ ၂၀၂၂ | ကြည့်ရှုသူ :7150
မှုခင်း သတင်း
နိရ ဉ္စရာ၊ ဇွန် ၂၂ / ၂၀၂၂
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်တွင်ဖမ်းဆီး၇မိသည့် ငွေကျပ် ၄ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၄၂ သိန်းကျော်၏ပိုင်ရှင်မှာ ရခိုင်ပြည်နယ် မောင်တောမြို့မရဲစခန်းတွင် ဖမ်းဆီးခံနေရသူဖြစ်သည်ဟု မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့(CCDAC)က သတင်းထုတ်ပြန်လိုက်သည်။
အဆိုပါစိတ်ကြွရူးသွပ်ဆေးပြား ၄၂ ဒသမ ၁ သိန်းကို ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ မြောင်းတကာကျေးရွာ၊ အမှတ်(၁) ရပ်ကွက်ရှိ အောင်မင်း၏နေအိမ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ဇွန်လ ၁ ရက်နေ့ ည ၁၀ နာရီခွဲအချိန် ဖမ်းဆီး၇မိခဲ့ခြင်းဖြစ်သည်ဟု CCDAC က ယမန်နေ့ ဇွန်လ ၂၁ ရက်တွင် ထုတ်ပြန်သည်။
ယင်းသို့ဖမ်းမိရာတွင် အဆိုပါမူးယစ်ဆေးများကို ခြံစောင့် ခင်မောင်ထွန်းနှင့် ကိုကိုနိုင်တို့ ၂ ဦးနှင့်အတူ နေအိမ်မှ သနပ်ခါးဘူးများ၊ ဇီးသီးထုပ်များနှင့် အုန်းသီးခြောက်များအတွင်း ထည့်သွင်းသိုဝှက်လျက် တွေ့ရှိ၇ပြီး ကာလတန်ဖိုးမှာ ငွေကျပ် ၄ ဒသမ ၂၁ ဘီလီယံတန်ဖိုးရှိသည်ဟု ဆိုသည်။
စစ်ဆေးဖော်ထုတ်ချက်အရ စိတ်ကြွရူးသွပ်ဆေးပြားများပိုင်ရှင် အောင်မင်းမှာ ၂၀၁၈ ခုနှစ်၊ သြဂုတ်လတွင် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မြို့မကညင်တန်းကျေးရွာ၌ စိတ်ကြွရူးသွပ်ဆေးပြား ၁၄ရ၇၅၀ ပြား ဖမ်းဆီးရမိမှုမှ ကွင်းဆက်တရားခံပြေးတစ်ဦးဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ မေလ ၁၆ ရက်နေ့တွင် မောင်တောမြို့မရဲစခန်း၌ ဖမ်းဆီးခံနေ၇သူဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိတွင် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက် လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိ၇သည်။ (NN-2)
Photo - CCDAC

#မူးယစ်ဆေးဝါး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.