Preview

စစ်တွေရှိ အမျိုးသမီး ၁ ဦး၏နေအိမ်မှ ကျပ်သိန်း ၁၄၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ဇူလိုင် ၁၄/ ၂၀၂၂ | ကြည့်ရှုသူ :7946
မှုခင်း သတင်း
နိရဥ္စရာ၊ ဇူလိုင် ၁၄/ ၂၀၂၂
ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ အမျိုးသမီး ၁ ဦး၏နေအိမ်မှ ကျပ်သိန်း ၁၄၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများကို ဖမ်းဆီးရမိခဲ့သည်ဟု သိ၇သည်။
ယမန်နေ့ ဇူလိုင်လ ၁၃ ရက် ညနေ ၆ နာရီခွဲတွင် မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်နေ မအေးသိန်း (၃၉ နှစ်)၏နေအိမ်အား ဝင်ရောက်ရှာဖွေစဉ် ယခုကဲ့သို့ ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ယနေ့ထုတ်ပြန်ချက်အရ သိ၇သည်။
အဆိုပါအမျိုးသမီးနှင့်အတူ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၇၀၀၀ ပြား(ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၁၄၀ သိန်း)အား တွေ့ရှိသိမ်းဆည်း၇မိခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိတွင် အဆိုပါအမျိုးသမီးအား စစ်တွေနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များကို ဖော်ထုတ်လျက်ရှိသည်ဟု သိ၇သည်။

#မူးယစ်ဆေးဝါး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.