English Edition
အင်္ဂါနေ့၊ ဇူလိုင်လ ၁၅ရက်၊ ၂၀၂၅
လှူရန်
Preview
မောင်တောခရိုင်ပြန်ဆက်ဦးစီးအရာရှိ ကြိုးဆွဲချသေဆုံး
ဇူလိုင် ၁၉/ ၂၀၂၂ | ကြည့်ရှုသူ :4858
မှုခင်း သတင်း
နိရဥ္စရာ၊ ဇူလိုင် ၁၇/၂၀၂၂
ရခိုင်ပြည်နယ် မောင်တောမြို့ရှိ ခရိုင်ပြန်ဆက်ဦးစီးအရာရှိသည် ယမန်နေ့က ကြိုးဆွဲချသေဆုံးသွားခဲ့သည်ဟု သိ၇သည်။
သေဆုံးသွားသူမှာ မောင်တောခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဦးစိုးလွင် (၄၂ နှစ်)ဖြစ်သည်။
သူသည် ယမန်နေ့ ဇူလိုင်လ ၁၆ ရက် နံနက် ၁၀ နာရီခန့်တွင် မောင်တောမြို့ မြို့မတောင်ရပ်ကွက်ရှိ ခရိုင်ပြန်ဆက်ရုံးအောက်ခန်း၌ ကြိုးဆွဲချသေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု မောင်တောမြို့မှ ဌာနဆိုင်ရာဝန်ထမ်းတစ်ဦးက နိရဥ္စရာကို ပြောသည်။
“သူက မနက်ပိုင်းမှာ အိမ်အတွက် ဈေးတွေဘာတွေလည်း ဝယ်ပေးခဲ့တယ်။ မုန့်တွေဘာတွေလည်း ဝယ်ပေးခဲ့တယ်။ ပြီးတော့ ရုံးတက်မဲ့ပုံစံမျိုးနဲ့ ရုံးကို သွားခဲ့တယ်လို့ ပြောပါတယ်။ အဲဒီနောက် ၁၀ နာရီဝန်းကျင်လောက်မှာ လူတွေလာကြတော့ ကြိုးဆွဲချပြီး ဆုံးနေပြီ”ဟု ပြောသည်။
သေဆုံးသူသည် ကျောက်တော်မြို့နယ် ဇာတိဖြစ်ပြီး မောင်တောမြို့ မြို့မမြောက်ရပ်ကွက် ဝိမလတွင် မိသားစုနှင့်နေထိုင်သူဖြစ်သည်။
သေဆုံးသူတွင် နေ့စေ့လစေ့ကိုယ်ဝန်သည်ဇနီးနှင့်အတူ သားလေးတစ်ဦး ကျန်ရှိခဲ့ကြောင်း သိ၇သည်။
သူ၏ရုပ်အလောင်းကို ယနေ့ညနေပိုင်းက မောင်တောသုသာန်တွင် သင်္ဂြိုလ်ခဲ့သည်ဟုလည်း သိ၇သည်။
Photo - မောင်တောမြို့နယ် ကရုဏာ ကွန်ရက်
(Narinjara သတင်းနှင့် ရုပ်သံများကို အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။)
အင်္ဂလိပ်သတင်း -
www.narinjara.com
မြန်မာသတင်း -
https://burmese.narinjara.com/
သတင်းဖေ့စ်ဘုတ်ပေ့ချ် -
https://www.facebook.com/narinjara.info/
ရုပ်သံသတင်း -
https://www.facebook.com/Narinjara-TV-News-100125495251215/
ရေဒီယိုသတင်း -
https://www.facebook.com/Narinjara-Radio-107181441819656
#လူမှုရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.