Preview

စစ်တွေရှိ ဆတ်ရိုးကျကယ်ဆယ်ရေးစခန်းတွင်နေသူတစ်ဦး ပိုက်ချရန်သွားရာမှ ရေနစ်မြုပ်သေဆုံး

ဇူလိုင် ၂၁/ ၂၀၂၂ | ကြည့်ရှုသူ :9281
မှုခင်း သတင်း
နိရဥ္စရာ၊ ဇူလိုင် ၂၀/၂၀၂၂
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ဆတ်ရိုးကျကယ်ဆယ်ရေးစခန်းတွင်နေထိုင်သူတစ်ဦးသည် ပိုက်ချရန်သွားရာမှ ရေနစ်မြုပ်သေဆုံးသွားခဲ့သည်ဟု သိ၇သည်။
သေဆုံးသူမှာ ဆတ်ရိုးကျကယ်ဆယ်ရေးစခန်းတွင် သမီး ၁ ဦးနှင့်အတူနေထိုင်သည့် စစ်တွေမြို့နယ်၊ ဇော်မတပ်ကျေးရွာမှ ဦးအောင်ကျော်ညွန့် (၅၁ နှစ်)ဖြစ်သည်။
သူ၏အလောင်းကို ယနေ့ ဇူလိုင်လ ၂၀ ရက် နံနက် ၁၀ နာရီခန့်တွင် မင်းဂံချောင်းနွယ်ကျေးရွာအနီးချောင်းအတွင်းမှ တွေ့ရှိခြင်းဖြစ်သည်ဟု အလောင်းကိုသွားရောက်သယ်ယူခဲ့သည့် မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းမှ ကိုကျောက်ချိုင်က နိရဥ္စရာကိုပြောသည်။
"အလောင်းပိုင်ရှင်တွေက ဇော်မတပ်ရွာက။ အဲ့ဒီရွာမှာ သင်္ဂြိုလ်မယ်ဆိုလို့ အလောင်းကိုဆယ်ပြီးတော့ အဲ့ဒီရွာ သင်္ချိုင်းမှာပဲ ထားခဲ့တယ်"ဟု ပြောသည်။
သေဆုံးသူသည် ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်တွင် လောင်းတစ်စင်းနှင့်အတူ ကယ်ဆယ်ရေးစခန်းမှနေ၍ ငါးဖမ်းပိုက်ချရန်သွားရောက်စဉ် ချောင်းထဲသို့ပြုတ်ကျ သေဆုံးခြင်းဖြစ်ပြီး အလောင်းတွင် ထိခိုက်ဒဏ်ရာလည်း မတွေ့၇ဟု သူက ဆက်ပြောသည်။ (NN-12)
Photo - မေတ္တာရောင်ခြည်ဖောင်ဒေးရှင်း
(Narinjara သတင်းနှင့် ရုပ်သံများကို အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။)
အင်္ဂလိပ်သတင်း - www.narinjara.com
မြန်မာသတင်း - https://burmese.narinjara.com/
သတင်းဖေ့စ်ဘုတ်ပေ့ချ် - https://www.facebook.com/narinjara.info/
ရေဒီယိုသတင်း - https://www.facebook.com/Narinjara-Radio-107181441819656

#မှုခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.