ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

စစ်တွေတွင် လက်ဖက်ရည်ဆိုင်ညစောင့်တစ်ဦးကို ဓားဒဏ်ရာဖြင့်သေဆုံး၍ တွေ့ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 8k

နိရဉ္စရာ၊ ဇူလိုင် ၂၈/၂၀၂၂
စစ်တွေမြို့၊ မိဇံရပ်ကွက်၊ ကမ်းနားလမ်းပန်းခြံရှေ့မှ ပျံကျ လက်ဖက်ရည်ဆိုင်တွင် ညစောင့်အဖြစ်လုပ်ကိုင်နေသူ အသက် ၆၀ အရွယ် ဦးမောင်စောလှကို ယနေ့နံနက် ၆ နာရီကျော်ခန့်က ဓားဒဏ်ရာဖြင့် သေဆုံးနေသည်ကိုတွေ့ရှိခဲ့သည်ဟု သတင်းရရှိသည်။
သေဆုံးသူသည် စစ်တွေမြို့ ၊ စက်ရုံစုရပ်ကွက်မှဖြစ်ပြီး မိဇံရပ်ကွက် ကမ်းနားလမ်းရှိ ပျံကျလက်ဖက်ရည်ဆိုင်တွင် ညစောင့်အဖြစ် လုပ်ကိုင်နေသူ ဖြစ်သည်။
မိဇံရပ်ကွက်မှ တာဝန်ရှိသူတစ်ဦးက “အမှတ် (၁) စခန်းက ရဲတွေလာပြီးတော့ စိစစ်တဲ့အခါ ကျောဖက်မှာ ဓါးထိုးဒဏ်ရာနဲ့ သေဆုံးနေတာတွေ့ရတယ်။ သူက ပန်းခြံရှေ့က လက်ဖက်ရည်ဆိုင်က အစောင့်ပါ။ ဆိုင်ပိုင်ရှင်နဲ့ သူနဲ့က အိမ်ဘေးကပ်။ အဲဒီဆိုင်မှာ ညစောင့်လုပ်တာ တစ်ပတ်လောက်ပဲ ရှိသေးတယ်။ ဆိုင်နဲ့ အိမ်ဝေးတဲ့အတွက် ဆိုင်ဝန်တွေကို မပြောင်းရအောင် ညစောင့် ထားတာလို့ သိရတယ်” ဟု နိရဉ္စရာသတင်းဌာနကို ပြောသည်။
သေဆုံးသူသည် မည်သည့် အချိန်တွင် ဓားထိုးခံခဲ့ရသည်ကို မသိရှိဟု ၎င်းက ပြောဆိုသည်။
အလောင်းကို သွားရောက်ကြည့်ရှု့ခဲ့သူ ဒေသခံတစ်ဦးကလည်း မျက်နှာတွင် ညိုမဲ ဒဏ်ရာများကိုတွေ့ရှိခဲ့သည်ဟု နိရဉ္စရာသတင်းဌာနကို ပြောဆိုသည်။
အဆိုပါ သေမှု သေခင်းကိစ္စနှင့် ပတ်သက်၍ ပိုမိုသိရှိလိုသဖြင့် စစ်တွေ အမှတ် (၁) ရဲစခန်းကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိသဖြင့် ရဲဘက်က မှုခင်းစစ်ဆေးချက်များကို တင်ပြနိုင်ခြင်း မရှိသေးပါ။
ပြီးခဲ့သည့် ဇူလိုင်လ ၁၄ ရက်ကလည်း စစ်တွေမြို့ ကယ်ဆယ်ရေး တံတား အနီးတွင် ထိုးသွင်း ဒဏ်ရာများနှင့် အမျိုးသား အလောင်း တစ်လောင်းကို တွေ့ရှိခဲ့သည်။ စစ်တွေတွင်ဖြစ်ပွားခဲ့သည့် လူသတ်မှု အများစုကို ရဲတပ်ဖွဲ့ အနေဖြင့် ဖော်ထုတ်နိုင်ခြင်းမရှိသလောက် နည်းပါးသည်ဟု သိရသည်။ NN-3
ဓာတ်ပုံ - မာရယု

ဆက်စပ် သတင်းများ