English Edition
စနေနေ့၊ ဇူလိုင်လ ၁၂ရက်၊ ၂၀၂၅
လှူရန်
Preview
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးအနီး မိန်းကလေးငယ် ၁ ဦးဓားထိုးခံရ၍ သေဆုံး
သြဂုတ် ၁၇/ ၂၀၂၂ | ကြည့်ရှုသူ :3827
မှုခင်း သတင်း
နိရဉ္စရာ၊ သြဂုတ် ၁၅/၂၀၂၂
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးအနီးတွင် မိန်းကလေးငယ် ၁ ဦးသည် နေ့ခင်းကြောင်တောင် ဓားထိုးခံလိုက်ရ၍ သေဆုံးသွားကြောင်း သိ၇သည်။
သေဆုံးသွားသူမှာ အသက် ၁၈ နှစ်ခန့်ရှိပြီး စစ်တွေမြို့ ဘောလုံးကွင်းရပ်ကွက်ရှိ မေယုလမ်းပေါ်မှ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးအနီး ဆိုလာနှင့် လျှပ်စစ်ပစ္စည်းအရောင်းဆိုင်တစ်ခုမှ အရောင်းဝန်ထမ်းဖြစ်သည်ဟု သိ၇သည်။
သူမသည် ယနေ့ သြဂုတ်လ ၁၅ ရက်တွင် အဆိုပါဆိုင်၌ တစ်ဦးတည်းဆိုင်ရောင်းနေစဉ် နေ့လယ်ကတည်းက ဓားထိုးခံရ၍သေဆုံးသွားဟန်ရှိပြီး ညနေ ၆ နာရီဝန်းကျင်မှ ဈေးလာဝယ်သူအမျိုးသမီးတစ်ဦးက သူမ၏အလောင်းကို ဆိုင်ထဲတွင် မြင်တွေ့ခဲ့ရခြင်းဖြစ်ကြောင်း အဆိုပါဖြစ်စဉ်သို့ သွားရောက်ကြည့်ရှုခဲ့သူများက ပြောသည်။
"နေ့လယ်ကတည်းကနေ သေနေတာဖြစ်မယ်ထင်တယ်။ အလောင်းကိုတွေ့တဲ့အချိန်မှာ လက်တွေက ကုတ်ပြီးဖြစ်နေပြီ။ သေပြီးသားတွေ့တာ။ ဘယ်သူထိုးခဲ့မှန်းလည်း မသိဘူး" ဟု ပြောသည်။
၎င်းမိန်းကလေးတွင် ဝမ်းဗိုက်တွင် ဓားထိုးဒဏ်ရာ ၂ ချက်ရှိပြီး လည်ပင်းတွင်လည်း လက်ဖြင့်ညစ်ထားသည့် ညိုမဲဒဏ်ရာများကိုတွေ့ရကြောင်း သွားရောက်ကြည့်ရှုခဲ့သူများက ပြောသည်။
သူမထံမှ ဖုန်းလုယူသူတစ်ဦးက ဓားဖြင့် ထိုးသတ်ခဲ့ခြင်းဖြစ်နိုင်ပြီး သူမ၏ဖုန်းမှာလည်း ပျောက်ဆုံးနေသည်ဟု အခင်းဖြစ်ပွားရာသို့ သွားရောက်ခဲ့သူများက ပြောဆိုကြသည်။
သေဆုံးသွားသည့်မိန်းကလေးငယ်သည် စစ်တွေမြို့၊ မင်းဂံတိုးချဲ့ရပ်ကွက်မှဖြစ်ပြီး ယခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးတစ်ဘာသာဖြင့်အောင်မြင်ထားသူဖြစ်သည်ဟုလည်း သိ၇သည်။
ရခိုင်ပြည်နယ်၏မြို့တော် စစ်တွေမြို့တွင် ပြီးခဲ့သည့် ဇန်နဝါရီလမှစ၍ သြဂုတ်လ ၁၁ ရက်အထိ ဓားထိုးမှုဖြစ်စဉ် ၁၈ ခုရှိခဲ့ပြီး ယင်းဖြစ်စဉ်များအတွင်း ၁၀ ဦးသေဆုံး၍ ၈ ဦးဒဏ်ရာရရှိခဲ့ကြောင်း ရွှေရောင်မေတ္တာဖောင်ဒေးရှင်း၏စာရင်းများအရ သိ၇သည်။
လက်ရှိစစ်တွေမြို့တွင် ဓားထိုးမှုများ၊ လုယက်မှုဖြစ်စဉ်များနှင့် ခိုးမှုများ မကြာခဏ ဖြစ်ပေါ်လျက်ရှိနေပြီး တရားဥပဒေစိုးမိုးမှုမှာလည်း တစ်နေ့ထက်တစ်နေ့လျော့နည်းလာနေကြောင်း ဒေသခံများက ဝေဖန်ပြောဆိုနေကြသည်။
(NN-8)
#မှုခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.