English Edition
တနင်္ဂနွေနေ့၊ မေလ ၁၁ရက်၊ ၂၀၂၅
လှူရန်
Preview
စစ်တွေတွင် အမျိုးသား ၁ ဦး ကြိုးဆွဲချသေဆုံး
သြဂုတ် ၁၇/ ၂၀၂၂ | ကြည့်ရှုသူ :4044
မှုခင်း သတင်း
နိရဥ္စရာ၊ သြဂုတ် ၁၆/ ၂၀၂၂
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်တွင် အမျိုးသား ၁ ဦးသည် သူ၏ နေအိမ်၌ ကြိုးဆွဲချသေဆုံးသွားသည်ဟု သိ၇သည်။
သေဆုံးသွားသူမှာ အဆိုပါရပ်ကွက်မှ ဦးထွန်းသာစိန် (၅၈ နှစ်)ဖြစ်သည်။
သူသည် ယနေ့ သြဂုတ်လ ၁၆ ရက်၊ နေ့လယ် ၃ နာရီခန့်တွင် နေအိမ်၌မိသားစုများမရှိချိန် အိမ်ပေါ်တွင် ၁ ဦးတည်း ကြိုးဆွဲချသေဆုံးသွားခြင်းဖြစ်သည်ဟု အလောင်းအား သွားရောက်သယ်ဆောင်ခဲ့သည့် ရွှေရောင်မေတ္တာဖောင်ဒေးရှင်းမှ သတင်းနှင့်ပြန်ကြားရေး ကိုသာဂီဖြိုးက ပြောသည်။
"သေသွားတဲ့ ဦးထွန်းသာစိန်ရဲ့ ဇနီးပြောတာကတော့ ရန်ဖြစ်တာလည်းမရှိဘူးတဲ့။ ၈ ပေကျော်အမြင့်ရှိတဲ့ အိမ်ပေါ်ကထုတ်တန်းမှာ ကြိုးဆွဲချသေသွားတာပါ" ဟု ပြောသည်။
သူ၏အလောင်းကို စစ်တွေမြို့ ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ပို့ဆောင်ခဲ့သည်ဟုလည်း ဆိုသည်။
သေဆုံးသွားသူတွင် ဇနီးဖြစ်သူနှင့်အတူ သားသမီး ၅ ဦးကျန်ရှိခဲ့သည်ဟုလည်း သိ၇သည်။ (NN-12)
#မှုခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.