Preview

စစ်တွေတွင် စိတ်မနှံ့သူ လူငယ် ၁ ဦးကို ရေကန်ထဲတွင်သေဆုံးလျက်တွေ့ရှိ

သြဂုတ် ၃၁/ ၂၀၂၂ | ကြည့်ရှုသူ :4705
မှုခင်း သတင်း
နိရဥ္စရာ၊ ဩဂုတ် ၂၉/၂၀၂၂
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ရွာကြီးမြောက်ရပ်ကွက်မှ စိတ်မနှံ့သူ လူငယ် ၁ ဦးသည် ရပ်ကွက်တွင်းရှိ ဟင်္သာကန်ထဲတွင် သေဆုံးလျက်တွေ့ရှိခဲ့သည်ဟု သိ၇သည်။
သေသွားသူမှာ ရွာကြီးမြောက်ရပ်ကွက်၊ ငါးဆောင်စုလမ်းမှ အသက် ၂၃ အရွယ် ကိုထွန်းမိုးကျော် (ခ) အာဗြဲဖြစ်သည်ဟု သိ၇သည်။
သေဆုံးနေသည့်သူ၏ရုပ်အလောင်းကို ရေကန်ထဲတွင် ယနေ့ သြဂုတ်လ ၂၉ ရက် နံနက်အစောပိုင်းတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု သွားရောက် ကူညီပေးခဲ့သည့် ရွှေရောင်မေတ္တာဖောင်ဒေးမှ သတင်းပြန်ကြားရေး ကိုသာဂီဖြိုးက နိရဥ္စရာကိုပြောသည်။
"သူ့ မိသားစုများက စိတ်မမှန်လို့ပြောပါတယ်။ မနေ့က ည ၆ နာရီလောက်ကတည်း အိမ်ကထွက်သွားတယ်။ ညဉ့် အိမ်ကို လုံး၀ ပြန်မရောက်လာဘဲ မနက် ၈ နာရီလောက်မှ ကန်ထဲမှာ မျောနေတာကိုသိ၇တာပါလို့ဆိုတယ်" ပြောသည်။
အဆိုပါ ရုပ်အလောင်းတွင် ဒဏ်ရာ၊ ဒဏ်ချက်များလည်း မတွေ့ရဟု သိ၇သည်။
ရွာကြီးမြောက်ရပ်ကွက်ရှိ ဟင်္သာကန်သည် သောက်သုံးရေကန်ဖြစ်သည့် အတွက် လက်ရှိတွင် အဆိုပါရေကန်မှ ရေများကို စုတ်ထုတ်ရန် စီစဉ်နေသည်ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစံသိန်းက နိရဥ္စရာကိုပြောသည်။
"ဒီဟင်္သာရေကန်က သောက်ရေကန်ဖြစ်တယ်။ မိသားစုကတော့ ရေကို စုပ်ထုပ်ပေးမယ်လို့ပြောတယ်။ မိသားစုက မတတ်နိုင်ရင်လည်း ရပ်ကွက်ကစုပြီး ရေစုပ်ဖို့ စီစဉ်ထားပါတယ်" ဟုပြောသည်။
လက်ရှိ သေဆုံးသွားသူ၏ရုပ်အလောင်းကို စစ်တွေဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ထားသည်ဟု သိ၇သည်။ (NN-13)

#လူမှုရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.