စစ်တွေ သာယာကုန်းကမန်ရွာချောင်းဝတွင် အမည်မသိလူသေအလောင်း တွေ့ရှိ


နိရဥ္စရာ၊ ဩဂုတ် ၂၉/၂၀၂၂
ရခိုင်ပြည်နယ် စစ်တွေမြို့နယ် သာယာကုန်းကမန်ကျေးရွာရှိ ချောင်းဝတွင် အမည်မသိလူသေအလောင်း ၁ လောင်းကိုတွေ့ရှိခဲ့သည်ဟု ကျေးရွာသားများက ပြောသည်။
ပုပ်ပွရောင်ကိုင်းနေပြီဖြစ်သည့်အဆိုပါအလောင်းမှာ အမျိုးသားဖြစ်ပြီး ယနေ့ သြဂုတ်လ ၂၉ ရက် နေ့လယ် ၂ နာရီခန့်တွင် စတင်တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ရွာသားတစ်ဦးက ပြောသည်။
“ချောင်းဝမှာ ပေါလောပေါ်နေတာကိုတွေ့တာပါ။ အလောင်းက ဘယ်ကလဲ၊ ဘယ်သူဘယ်ဝါလဲလည်း မသိရသေးဘူး”ဟု ပြောသည်။
လက်ရှိတွင် အဆိုပါအလောင်းအား သယ်ဆောင်ရန် စစ်တွေရှိ ရွှေရောင် မေတ္တာဖောင်ဒေးရှင်းကို ဆက်သွယ်အကြောင်းကြားထားသည်ဟု သိရသည်။

Share: