နိရဥ္စရာ၊ စက်တင်ဘာ၁၁/၂၀၂၂
၇ခိုင်ပြည်နယ်စစ်တွေမြို့တွင် ကျပ်သိန်းပေါင်း ၁၅၀၀ ကျော်တန်ဖိုးရှိစိတ်ကြွရူးသွပ်ဆေးပြားများနှင့် အတူအမျိုးသား ၂ ဦးဖမ်းဆီးခံလိုက်ရသည်ဟု သိ၇သည်။
စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူဖမ်းဆီးခံ၇သူများမှာကိုမောင်ဝင်းမြင့် (၂၀ နှစ်)နှင့် ကိုအေးထွန်း(၃၁ နှစ်)တို့ဖြစ်ကြောင်း CCDAC Myanmar/ မြန်မာနိုင်ငံမူးယစ်အထူးတပ်ဖွဲ့ကယမန်နေ့က သတင်းဖော်ပြသည်။
သူတို့သည်စစ်တွေမြို့နယ်၊ မှန်စီကျေးရွာ၊ ၇ထားသံလမ်းအနီး၊ မင်းဂံ-သက္ကေပြင်သွားကားလမ်းတွင်မူးယစ်ဆေးများနှင့်အတူ စက်တင်ဘာလ ၉ ရက် နံနက် ၈ နာရီ၌ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့၏ သတင်းအ၇ဖမ်းဆီးခြင်းကိုခံလိုက်၇ခြင်း ဖြစ်သည်ဟု ဆိုသည်။
ထုတ်ပြန်ချက်တွင် မောင်ဝင်းမြင့်မောင်းနှင်ပြီးအေးထွန်း စီးနင်းလိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အားရပ်တန့်စစ်ဆေးရှာဖွေရာ အေးထွန်း လွယ်ထားသော လွယ်အိတ်အတွင်းမှစိတ်ကြွရူးသွပ်ဆေးပြား ၇၈၈၀၀ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်၁၅၇၆ သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီးစစ်ဆေးရာ ၎င်းတို့အတူတကွ သယ်ဆောင်လာခြင်းဖြစ်ကြောင်းပေါ်ပေါက်ခဲ့သည်ဟု ဖော်ပြထားသည်။
လက်ရှိတွင် သူတို့ ၂ဦးအား စစ်တွေမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရအမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိ၇သည်။
Photo – CCDAC Myanmar