နိရဥ္စရာ၊ အောက်တိုဘာ ၁၂/၂၀၂၂
၇ခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ယမန်နေ့က နောက်ထပ်အမျိုးသမီးတစ်ဦး ကြိုးဆွဲချ သေဆုံးသွားခဲ့သဖြင့် ၅ရက်အတွင်းစစ်တွေမြို့တွင်ကြိုးဆွဲချသေဆုံးသူ၂ဦးရှိသွားပြီဖြစ်သည်။
ယမန်နေ့ အောက်တိုဘာ ၁၁ ရက်က ကြိုးဆွဲချသေဆုံးခဲ့သည့် အမျိုးသမီးမှာ စစ်တွေမြို့၊ မင်းဂံအကွက် (၁၆)မှ အသက် ၅၃ နှစ်အရွယ် ဒေါ်မခင်နုဖြစ်ပြီး ယခု၇ရက်နေ့ ကြိုးဆွဲချသေဆုံးသွားသည့်လူငယ်မှာရွာကြီးမြောက်ရပ်ကွက်မှ ကိုမောင်ဝင်းလှိုင် (၂၄ )နှစ်ဖြစ်သည်။
ဒေါ်မခင်နုသည် ယမန်နေ့ ည ၉ နာရီခွဲခန့်က နေအိမ်တွင် ကြိုးဆွဲချသေဆုံးနေသည်ကို သူမ၏အမျိုးဖြစ်သူကတွေ့မြင်ခဲ့ခြ
“ညနေပိုင်းက သူ့သားနဲ့စကားများကြတယ်လို့ ကြားတယ်။ နောက် ထွေထွေထူးထူးကိစ္စတော့ မရှိဘူးပြောတယ်။ သူမကိုဒီကနေ့သင်္ဂြိုလ်ပါတယ် ”ဟုပြောသည်။
စစ်တွေတွင် ယခုကြိုးဆွဲချသေဆုံးသူ၂ဦးအပါအဝင်၅လအတွင်းတွင်ကြိုးဆွဲချသေဆုံးသူ၇ဦးရှိသွားပြီဖြစ်ကာအများစုမှာစီပွားရေးကျပ်တည်းမှုနှင့်သက်ဆိုင်သည်ဟုဆိုသည်။
သူတို့ ၂ဦးအပါအဝင်စစ်တွေမြို့နယ်တွင် ၅ လကျော်အတွင်း ကြိုးဆွဲချသေဆုံးသွားခဲ့သူ နောက် ၅ဦးမှာ စစ်တွေမြို့ မင်းဂံ ဝန်ထမ်းအကွက်(၃)မှ ဒေါ်ဥမ္မာခင်၊ စက်ရုံစုရပ်ကွက်မှ ဦးကျော်မြတ် (၃၀ နှစ်)၊ ဦးထွန်းသာစိန် (၅၈ နှစ်)၊ စစ်တွေမြို့နယ် ကန်ပြင်ကျေးရွာမှ ကိုထွန်းအေးကျော် (၂၁ နှစ်)နှင့် မယုယုလှိုင် (၁၈ နှစ်) တို့ဖြစ်ကြသည်။
ယခုနှစ် ၂၀၂၂ မေလမှ ယမန်နေ့ အောက်တိုဘာ ၁၁ ရက်အထိ ၅ လကျော်အတွင်းတွင် ကြိုးဆွဲချသေဆုံးသွားခဲ့သူ အရေအတွက်မှာ၇ ဦးရှိသည်ဟုလည်း စစ်တွေရှိ မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းနှ
လက်ရှိ၇ခိုင်တွင် အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်း အခြေခံစားသောက်ကုန်ဈေးနှုန်းမျာ