နိရဉ္စရာ၊နိုဝင်ဘာ ၈/၂၀၂၂
၇ခိုင်ပြည်နယ်၊စစ်တွေမြို့ ၊ ဆတ်ရိုးကျရပ်ကွက် အရှေ့ပိုင်းတွင် လင်မယားနှစ်ယောက်ရန်ဖြစ်ရာမှဇနီးဖြစ်သူဓားထိုးခံလိုက်၇သည်ဟု သတင်း ရရှိသည်။
ဓားထိုးခံရသူမှာဆတ်ရိုးကျရပ်ကွက် အရှေ့ပိုင်းနေ ဒေါ်ဦးစောခင် (၄၈)နှစ် ဖြစ်ပြီး ယနေ့နံနက် ၈ နာရီခန့်က၎င်း၏ယောကျာ်းဖြစ်သူနှင့်စကားများရန်ဖြစ်ကြရာမှ လင်ယောကျာ်းဖြစ်သူကဓားဖြင့်နှစ်ချက်ထိုးကာ ထွက်ပြေးသွားသည်ဟုသိ၇သည်။
လူနာအားသွားရောက်သယ်ဆောင်ခဲ့သည့်ရွှေရောင်မေတ္တာဖောင်ဒေးရှင်းမှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံကိုသာကီဖြိုးက "မနေ့က အရက်မူးပြီးတော့ရန်ဖြစ်ကြတယ် ပြောပါတယ်။ မနေ့ကညတုန်းကလည်းဖြစ်ကြတယ်၊ ဒီနေ့မနက်ကလည်းဆက်ဖြစ်ကြပါတယ်။ ဒီနေ့မနက်က ဖြစ်တာမှာ မိန်းမရဲ့ ဘယ်ဘက်ရင်ဖက်ကို ဓားနဲ့ ထိုးခံလိုက်ရတာပါ။ဒဏ်ရာကတော့နည်းနည်း ပြင်းပါတယ်။ ရင်ဘက်နားမှာဆိုတော့"ဟုပြောသည်။
လက်ရှိတွင်မိန်းမဖြစ်သူအား စစ်တွေဆေးရုံကြီးတွင် တင်ထား၇ပြီးဓားထိုးခဲ့ပြီးနောက် လင်ယောင်္ကျားဖြစ်သူထွက်ပြေး ပျောက်ဆုံးနေကြောင်းသိ၇သည်။
စစ်တွေတွင်ယမန်နေ့ နိုဝင်ဘာလ ရ ရက်ကလည်း ဓားဒဏ်ရာများဖြင့် သေဆုံးနေသည့် ပိုင်ရှင်မဲ့ အမျိုးသားအလောင်းတစ်လောင်းကို တွေ့ရှိခဲ့သလို နိုဝင်ဘာ (၆) ရက်ကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်မြေကုန်းကျေးရွာအနီးရှိ ချောင်းအတွင်းမှ တက္ကသိုလ်ကျောင်းသားတစ်ဦး၏ ရုပ်အလောင်းကို ဓားဒဏ်ရာများဖြင့်သေဆုံးကာ တွေ့ရှိခဲ့သည်။
နိုဝင်ဘာ(၃) ရက်နေ့က မင်းပြားမြို့တွင်လည်း ဒဏ်ရာဒဏ်ချက်များဖြင့် သေဆုံးနေသည့် ရုပ်အလောင်းတစ်ခုတွေ့ရှိခဲ့သည်။