Preview

ကျောက်ဖြူမြို့ ချောင်းအတွင်း၌ သေဆုံးနေသောအမျိုးသားအလောင်းတစ်လောင်းတွေ့ရှိ

ဒီဇင်ဘာ ၀၂/ ၂၀၂၂ | ကြည့်ရှုသူ :7723
မှုခင်း သတင်း
နိရဉ္စရာ၊ ဒီဇင်ဘာ ၂/၂၀၂၂

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ချောင်းအတွင်း၌ သေဆုံးနေသော အမျိုးသားအလောင်း တစ်လောင်းကို ယနေ့နံနက်ပိုင်းက တွေ့ရှိခဲ့သည်ဟု သိ၇သည်။
ယနေ့ ဒီဇင်ဘာလ ၂ရက်၊ နံနက် ၉နာရီခွဲအချိန်ခန့် လောက်တွင် အဆိုပါအလောင်းကို ကျောက်ဖြူမြို့၊ ကညင်တောရပ်ကွက်၊ ကျောက်တင်ဆိပ် တာဘောင်အနီးရှိ ချောင်းအတွင်း၌ တွေ့ရှိခဲ့ခြင်းဖြစ်
သည်ဟု သိ၇သည်။
အလောင်းအား ကျောက်ဖြုခရိုင်ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့သည့် လေး၀တီကုလရက္ခိတပ၇ ဟိတအသင်းမှ ဥက္ကဋ္ဌကိုဂျပန်ကြီးက "ဒီနေ့မနက် ၉နာရီခွဲလောက်မှာတွေ့တာပါ။ ရဲက အကူအညီတောင်းလို့ ကျွန်တော်တို့က အလောင်းကို ကျောက်ဖြူခရိုင်ဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။ သေဆုံးနေတဲ့ သူကတော့ မည်သူမည်ဝါမှန်း မသိရပါဘူး။ အမျိုးသားတစ်ဦးလို့တော့ သိရတယ်။ ကျွန်တော်တို့ရောက်သွားတော့ အလောင်းကို ရဲတွေက အိတ်ထဲမှာထုပ်ထားတယ်။ ဘာကြောင့် သေတယ်။ ဘယ်သူဖြစ်မလဲ ဆိုတာကိုတော့ ရဲတပ်ဖွဲ့ကစုံစမ်းနေဆဲပါပဲ" ဟု ပြောသည်။
သေဆုံးနေသည့် အလောင်းကို ကျောက်ဖြူခရိုင်ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်လိုက်ကာ မည်သူမည်ဝါဖြစ်ကြောင်းနှင့် မည်သည့်အတွက် သေဆုံးနေသည်ကို ရဲတပ်ဖွဲ့မှ စုံစမ်းနေသည်ဟုလည်း သိ၇သည်။
အဆိုပါသေဆုံးမှုနှင့်ပတ်သတ်၍ အသေးစိတ်သိရှိရအောင် ကျောက်ဖြူမြို့၊ နယ်ထိန်းရဲတပ်ဖွဲ့သို့ နိရဉ္သရာသတင်းဌာနမှ ဆက်သွယ်ခဲ့သော်လည်း ဖုန်းစက်ပိတ်ထား၍ အဆက်အသွယ်မ၇ခဲ့ပါ။
ကျောက်ဖြူတွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၈ရက်နေ့ကလည်း ကျောက်ဖြူမြို့၊ သန်ပန်ချောင်းရပ်ကွက်ရှိ သီရိစန္ဒာတည်းခိုခန်း၌ လာရောက် တည်းခိုသူ(ရှမ်းတရုတ်)အမျိုးသား ဧည့်သည်တစ်ဦးကို အခန်းထဲတွင် သေဆုံး၍ တွေ့ရှိခဲ့ဟု သိ၇သည်။ (NN-12)
ဓာတ်ပုံ - လေး၀တီကုလရက္ခိတပ၇ဟိအသင်း

#မှုခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.