ဗုဒ္ဓဟူး၊ မေလ ၁ရက်၊ ၂၀၂၄

ဘူးသီးတောင်တွင် ကျပ်သိန်း ၇ထောင်ကျော်တန်ဖိုးရှိ WY ဆေးပြားသုံးသိန်းကျော်ဖမ်းမိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ ဒီဇင်ဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 6.9k

နိရဉ္စရာ၊ ဒီဇင်ဘာ ၄/ ၂၀၂၂

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဂန္ဓမာကျေးရွာအနီးတွင် ဒီဇင်ဘာ ၃ရက်ညနေက သိန်း ၇ ထောင်ကျော်တန်ဖိုးရှိသည် WY စိတ်ကြွရူးသွပ်ဆေးပြား ၃၅၀,၀၀၀ ပြားဖမ်းဆီးမိခဲ့သည်ဟု ပြည်နယ်စစ်ကောင်စီသတင်းများကို ဖော်ပြနေသည့် ရခိုင်နေ့စဉ်သတင်းအရသိရသည်။

ဘူးသီးတောင်မြို့နယ်၊ ဂန္ဓမာကျေးရွာအနီး၌ မောင် တောဘက်သို့ဦးတည်၍ မသင်္ကာဖွယ် ကားတစ်စီးရပ်ထားကြောင်း သတင်းရသဖြင့် လုံခြုံ ရေးအဖွဲ့မှ သွားရောက်စစ်ဆေးရာမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ယာဉ်အမှတ်-MDY/ 5A-8004 ဟိုင်းလတ်(အဖြူရောင်) (လိုင်စင်မဲ့)ကား ပေါ်ရှိ ယာဉ်အမိုး ပေါ်တွင်တင်ထားသော ကားတာယာအဟောင်းအတွင်းနှင့် ကားအောက်ပိုင်းရှိ ဆီတိုင်ကီ အဟောင်းအတွင်းတွင် သိုဝှက်ထည့်ထားရာမှ ၎င်းဆေးပြားများကို တွေ့ရှိသည်ဟုသိရသည်။

၎င်းဆေးပြားများကို ကြည်ရောင်ပလပ်စတစ်အိတ် အထုပ်ကြီး ၃၅ ထုပ်ဖြင့် ထုပ်ပိုးထားသည်ကို တွေ့ရှိရကြောင်း၊ ၎င်းအတွင်းမှ WY/R စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၃၅၀,၀၀၀ ပြားကို တွေ့ရှိကြောင်း၊ စုစုပေါင်းကာလတန်ဖိုးမှာ သိန်း ၇ ထောင်ကျော် ခန့်ရှိကြောင်း၊  ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်းဖြင်လည်း သတင်းတွင် ဖော်ပြထားသည်။

 ယာဉ်ပေါ် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့အား မတွေ့ရှိကြောင်းဆိုသည်။

 ယာဉ်ပိုင်ရှင်နှင့် မူးယစ်ဆေးဝါးသယ်ဆောင်သူတရားခံအား ဖော်ထုတ်ဖမ်းဆီးနိုင်ရန် ဆောင် ရွက်လျက်ရှိပြီး ဖမ်းဆီးရမိမူးယစ်ဆေးဝါးများနှင့်လိုင်စင်မဲ့ယာဉ်အား ဘူးသီးတောင်မြို့ နယ်၊ တောင်ဘဇာနယ်မြေရဲစခန်း၌ထိန်းသိမ်းထားသည်ဟု သိရသည်။

ဆက်စပ် သတင်းများ