နိရဥ္စရာ၊ဇန်နဝါရီ ၈/၂၀၂၃
၇ခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊မင်းဂံအုပ်စု၊ မင်းဂံကျေးရွာမှ နေအိမ်ဖောက်ထွင်းခံရပြီး ရွှေ(ရ)ကျပ်အခိုးခံ၇မှုကို ရက်သတ္တပတ် (၂) ပတ်ကျော်လာပြီ ဖြစ်သည့်တိုင် ကျူးလွန်သူကို မဖော်ထုတ်နိုင်သေးသဖြင့်စိတ်မကောင်း ဖြစ်နေရသည်ဟု ကာယကံရှင်များက နိရဉ္စရာသတင်းဌာနကို ပြောဆိုသည်။
ဖောက်ထွင်းခံ၇သည့်နေအိမ်မှာ ကျောက်ဖြူမြို့နယ်၊မင်းဂံကျေးရွာမှ ဦးမောင်စောရင်၏နေအိမ်ဖြစ်ပြီး ဒီဇင်ဘာ ၂၃ ရက် နေ့လယ်ပိုင်းတွင် ဖောက်ထွင်းခိုးယူခံခဲ့၇ခြင်းဖြစ်ကြောင်း သမီးဖြစ်သူ မလင်းလင်းစိုးကနိရဥ္စရာကိုပြောသည်။
"တစ်အိမ်သားလုံး မနက်စောစော(၈) နာရီကျော်လောက်လယ်ပြင် သွားတယ်။ ညနေ (၄) နာရီလောက်မှပြန်ရောက်တာ။ရောက်တဲ့အခါကျတော့ သော့ခလောက်တွေ အကုန်ပျက်နေပြီ။ အဲ့ဒီအခါကျမှရွှေတွေပျောက်ကုန်တာ သိ၇တာပါ"ဟု ပြောသည်။
နေအိမ်ဖောက်ထွင်းခံ၇ကာ စုဆောင်းထားသည့်သိန်း ၁၈၀ ခန့် တန်ဖိုးရှိသော ရွှေဆွဲကြိုး (၄) ပင်၊ ရွှေလက်ကောက်(ရ)ကွင်း နှင့် ရွှေလက်စွပ် (၄)ကွင်း ၊ စုစုပေါင်း ရွှေ (၇) ကျပ်ခန့်အခိုးခံလိုက်၇ကြောင်းသူမကပြောသည်။
ယင်းအမှုကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA ) ၏နယ်မြေတရားရုံးကို တိုင်ကြားထားပြီး ကျူးလွန်သူတရားခံအား ကြိုးစားရှာဖွေ ဖော်ထုတ်နေသည်ဟု သိ၇ကြောင်းသူမကဆက်ပြောသည်။
"အေအေဘက်ကလူတွေကိုတော့ တိုင်ထားပါတယ်။အခြေအနေတွေတော့ မထူးသေးပါဘူး။ သူတို့က အတက်နိုင်ဆုံး ကြိုးစားနေတယ်လို့တော့ပြောပါတယ်"ဟု ပြောသည်။
လက်ရှိ၇ခိုင်တွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/