နိရဉ္စရာ၊ ဇန်နဝါရီ ၉/၂၀၂၃
၇ခိုင်တွင် ယခုရက်ပိုင်းအတွင်း ခိုးဆိုးလုယက်မှုများ တိုးပွားလာနေပြီးကျောက်တော်မြို့တွင်လည်း လွန်ခဲ့သော တစ်ပတ်ခန့်က ကျပ်သိန်း ၃၀၀ ကျော်ဖိုး ရွှေထည်များအခိုးခံခဲ့၇သည်ဟု မိသားစုများက ပြောသည်။
ကျောက်တော်မြို့၊ ရှမ်းရွာရပ်ကွက်ဈေးတွင် အထည်ဆိုင်ဖွင့်လှစ်ရောင်းချနေသည့် ဒေါ်စိန်ကျော့နု(၆၈) နှစ် ပိုင်ဆိုင်သည့် ဈေးဆိုင်ခန်းအတွင်းမှ ဒီဇင်ဘာ ၃၁ ရက်က ကျပ်သိန်း ၃၀၀ ကျော်တန်ဖိုးရှိသည့် ရွှေထည်ပစ္စည်းများ၊ငွေသား ၁၇ သိန်းကျော်နှင့် ဖုန်း ၂ လုံး ခိုးယူခံလိုက်၇သည်ဟု ဆိုသည်။
ကာကယံရှင်၏သမီးဖြစ်သူက “အမေက အရင်တစ်ရက်၊ နှစ်ရက်တုန်းက ရှင်ပြုပွဲသွားပြီး ရွှေထည်တွေကို ပိုက်ဆံအိတ်ထဲထည့်ထားတာ။ ဖြစ်ချင်တာက မပျောက်ခင် ၃၀ ရက်နေ့က ဘုံစုငွေ ၁၅ သိန်း အမေထုတ်၇တယ်။အဲဒီငွေကို လိုချင်လို့ တက်ခိုးတာထင်တယ်။ ရွှေထည်တွေလည်းအိမ်မှာ မထား၇သေးတော့ တပါတည်းခိုးသွားတာ။ ပစ္စည်းတွေထည့်ထားတဲ့ပိုက်ဆံအိတ် အမဲကိုပါ ခိုးသွားတာ။ ငွေစာရင်း စာအုပ် ၂ အုပ်ကိုပဲချန်ထားခဲ့တယ်။ ခိုးတာက အနီးအနားက အတွင်းသိတဲ့ သူပဲဖြစ်နိုင်တယ်”ဟုပြောသည်။
ဒီဇင်ဘာ၃၁ ရက် နံနက် ရ နာရီ ၁၀ မိနစ် ဝန်းကျင်ခန့်က ရှမ်းရွာရပ်ကွက်မှဈေးတွင်ဆိုင်ဖွင့်ပြီးနောက် ခေါင်းမူး၍ ဆေးဝယ်ရန်သွားချိန် ၇ မိနစ်ခန့်အကြာတွင်ဆိုင်ခန်းထဲ၌ ထားခဲ့သည့် ရွှေထည်ပစ္စည်း၊ ငွေသားများနှင့် ဖုန်း၂ လုံး ခိုးယူခံလိုက်၇ခြင်းဖြစ်သည်ဟု ဆိုသည်။
ရွှေထည်ပစ္စည်းများ ခိုးယူခံလိုက်၇သည့်အချိန်သည်ဈေးဆိုင်များ ဖွင့်သည့်အချိန်သာဖြစ်ပြီး ဈေးဝယ်သူများမရှိသေးသည့်အချိန်ဖြစ်သည်ဟု သူမက ဆက်ပြောသည်။
“အမေက အဲဒီပစ္စည်းတွေထည့်ထားတဲ့ပိုက်ဆံအိတ်ကို အဝတ်ထည့်တဲ့ ဂျပ်ဖာဘူးထဲကို ထည့်ပြီး အပေါ်ကစောင်ခြုံထားခဲ့တာ။ အခိုးခံလိုက်၇တာကိုတော့ အဲဒီနေ့ မနက် ၈ နာရီကျော်လောက်ကသားဆီကို ဖုန်းဆက်ဖို့ ဖုန်းရှာမှ သိတာ။ အခု အမေလည်း တစ်သက်လုံးစုဆောင်းထားတဲ့ ပစ္စည်းတွေ အခိုးခံလိုက်၇လို့ စားမဝင်၊ အိပ်မပျော်ဖြစ်နေပြီ”ဟုပြောသည်။
ခိုးယူခံလိုက်၇သည့်ပစ္စည်းများမှာ လည်ဆွဲ ၁ ကုံး (၅ ကျပ် ၁၀ပဲ)၊ လေးထောင့်ပုံရိုက် ဘုရင်မဆွဲခွက်၁ခု (၁၂ ပဲ)၊စိန်ဆွဲခွက် ပုံကြီး တစ်ခု၊ ပုလဲဥလက်ကောက် ၄ ကွင်း (၂ ကျပ်)၊ကျောက်တစ်တန်း လက်ကောက် ၂ ကွင်း (၂ ကျပ်)၊အင်္ကျီကြယ်သီး ၁ ရံ (၁၀) ပဲ၊ ကလစ် ၁ ခု (၅ ပဲ)၊ကျောက်လက်စွပ်ရွှေထမင်းပုံ ၁ကွင်း (၃ ပဲ)၊ ငွေသား ၁၇ သိန်းကျော်၊ကီးပတ်ဖုန်း တစ်လုံးနှင့် Tecno အမျိုးအစားတော့စခရင်ဖုန်း တစ်လုံးတို့ဖြစ်ပြီး စုစုပေါင်း အခိုးခံလိုက်၇သည်မှာကာလတန်ဖိုး ကျပ်သိန်း ၃၀၀ ကျော်သည်ဟု မိသားစုဝင်များကပြောသည်။
တရားခံအား ရှာဖွေဖော်ထုတ်ဖမ်းဆီးနိုင်ရန် သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ တိုင်ကြားထားသည်ဟု သိ၇သည်။
အလားတူ ၂၀၂၂ ခုနှစ်ဒီဇင်ဘာ ၂၃ ရက်နေ့က ကျောက်ဖြူမြို့နယ်၊မင်းဂံအုပ်စု၊ မင်းဂံကျေးရွာမှ ဦးမောင်စောရင်၏ နေအိမ်ကို မိသားစုများ လယ်ထဲသွားနေစဉ် နေအိမ်ကို ဖောက်ထွင်းကာ သိန်း ၁၈၀ ဖိုးခန့်ရှိသည့် ၇ွှေ(၇) ကျပ် ခိုးယူသွားခဲ့သည်ဟုသိရှိ၇သည်။
(NN-3)