Preview

ပုဏ္ဏားကျွန်းတွင် ညအချိန်ငါးရှာနေသည့် သားအဖ ၃ ဦးကို ဓားပြတိုက်၊ ရိုက်နှက်ပြီး ဖုန်းလုယက်မှုဖြစ်ပွားခဲ့

ဖေဖော်ဝါရီ ၂၄/ ၂၀၂၃ | ကြည့်ရှုသူ :3260
မှုခင်း သတင်း

နိရဥ္စရာ၊ ဖေဖော်ဝါရီ၂၄/ ၂၀၂၃

၇ခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့တွင်ညအချိန်ငါးရှာနေသည့် သားဖ ၃ ဦးကို ဓားပြတိုက်၊ ရိုက်နှက်ပြီးဖုန်းလုယက်မှုဖြစ်ပွားခဲ့သည်ဟု သိ၇သည်။

ဓားပြတိုက်ခံရပြီးဖုန်းလုယက်ခံရသူမှာ ပုဏ္ဏားကျွန်းမြို့၊ ရွာဟောင်းရပ်ကွက်မှ ဦးအေးထွန်းနှင့် သူ၏သား ၂ ဦးတို့ဖြစ်သည်ဟု သိ၇သည်။

သူတို့ သားဖ၃ ဦးသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၂ ရက်၊ ည ၉ နာရီကျော်ခန့်ကပုဏ္ဏားကျွန်းမြို့၊ချောင်း၀အတွင်း၌ ငါးရှာ၍စက်လှေပေါ်၌ အိပ်ပျော်နေစဉ် ဓားပြတိုက်လုယက်သူ ၃ဦးရောက်လာပြီး ပါလာသည့် ဖုန်များကိုတောင်းကာ ရိုက်နှက်၊လုယက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ရွာဟောင်းရပ်ကွက်မှ သူတို့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

"ကိုအေးထွန်းပြောပြတာကတော့ ငါးဖမ်းပိုက်ချပြီးလို့စက်လှေကမ်းကပ်ပြီး အိပ်နေတဲ့အချိန်မှာ ဓားပြတိုက်ပြီး ဖုန်းလုယက်တဲ့သူ ၃ယောက်ကသူတို့စက်လှေပေါ်ကိုရောက်လာတာလို့ပြောတယ်။ ရောက်ရောက်ချင်းပဲဓားမကြီးတစ်လက်ပြပြီး ပါလာတဲ့ဖုန်းတွေကိုပေးဖို့တောင်းတယ်လို့ပြောတယ်။ Redmiအမျိုးအစား ဖုန်း ၂လုံးတော့ ပါသွားတယ်ပြောတယ်" ဟု ပြောသည်။

ယင်းဓားပြတိုက်ဖုန်းလုယက်သူ ၃ဦးအနက် ၂ ဦးမှာ မူဆလင်များဖြစ်ပြီး ကျန် ၁ ဦးမှာ ၇ခိုင်လူမျိုးဖြစ်ကာ သူတို့တွင်ဓားမကြီးတစ်လက်နှင့် တုတ်တစ်ချောင်းပါလာသည်ဟု ဆက်ပြောသည်။

"သူတို့က ဖုန်းရသွားပြီးရင်လည်းမပြန်ဘဲ ကိုအေးထွန်းကို ပါလာတဲ့တုတ်နဲ့ ရိုက်ကြတယ်။ ကျောမှာတုတ်ဒဏ်ရာတွေပါလာတယ်။သူတို့ သားဖ ၃ ဦးရဲ့ မျက်နှာကို အဝတ်စနဲ့ပိတ်ဖို့လုပ်တဲ့အချိန်မှာကိုအေးထွန်းက အော်ဟစ်အကူညီတောင်းလို့ ဓားပြတိုက်တဲ့သူတွေကစက်လှေနဲ့ထွက်ပြေးသွားကြတယ်လို့ပြောတယ်" ဟု ပြောသည်။

ဓားပြ ၃ဦးသည် ပုဏ္ဏားကျွန်း ဂူ၀ဘုရားဘက်သို့ စက်လှေဖြင့်ထွက်ပြေးသွားကြပြီး သူတို့တွင်ပါလာသည့် ဓားမကြီးတစ်လက်မှာ ကျန်နေခဲ့သည်ဟု ဆိုသည်။

 

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၄ ရက်၊ ည ၁၀ နာရီခန့်ကလည်းပေါက်တောမြို့နယ် ဖဒူကျွန်းနှင့် အင်္ဂရားချိုင်ကျွန်းကြား၌ပင်လယ်ပြင်အတွင်းငါးဖမ်းနေသည့် ပေါက်တောမြို့၊ ကျောက်မောင်းရွာသားတစ်ဦးကိုလူစိမ်း ၃ ဦးက အကြမ်းဖက်ကာ ဟွန်ဒါစက်အား လုယူသွားမှုဖြစ်ပွားခဲ့သေးသည်။

ယင်းအပြင်ဖေဖော်ဝါရီလ ၁၆ ရက်၊ ညဥ့် ၂ နာရီခန့်ကလည်း တောင်ကုတ်မြို့နယ်၊နတ်မော်ကျေးရွာရှိ ဦးမောင်မြင့်နိုင်၏နေအိမ်အား အမည်မသိ လူအချို့က ဝင်ရောက်ကာရွှေ ၁၀ ကျပ်ကျော်နှင့်နွားရောင်းထားသည့် ပိုက်ဆံများကို ဓားပြတိုက်ခဲ့ပြီး အိမ်ပိုင်ရှင်၏သမီးငယ်ကိုလည်းဓားဖြင့်ထိုးခဲ့၍ အရေးပေါ်ဆေးရုံတင်ခဲ့၇သည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးဦးထွန်းဝေက နိရဥ္စရာကို အတည်ပြုပြောဆိုထားသည်။

စစ်တွေတွင်လည်း ဖေဖော်ဝါရီလ၂၂ ရက်၊ ညက လူငယ်သမီးရည်းစားစုံတစ်တွဲထံမှ ဖုန်းလုကာ လူငယ်အမျိုးသားအားဓားဖြင့် ထိုးမှုဖြစ်ပွားခဲ့သေးသည်။

ရခိုင်ရှိ မြို့နယ်အချို့တို့တွင်ညအချိန် ခိုးဆိုး၊ ဓားပြတိုက်၊ လူသတ်မှု၊ လုယက်မှုများနေ့စဉ်ရက်ဆက်ဆိုသလို ဖြစ်ပေါ်လာနေ၍ ဒေသခံများမှာ အလွန်တရာ စိုးရိမ်နေကြရကာအာဏာရှိသက်ဆိုင်ရာများအနေဖြင့်လည်း ထိရောက်စွာအရေးယူပေးကြရန် ဒေသခံများကလိုလားနေကြသည်။ (NN-12)

 

ဓာတ်ပုံ- ဓားပြများတွင် ကျန်နေခဲ့သည့် သက်သေခံ ဓားမကြီးအား တွေ့၇စဉ်။

#မှုခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.