ကြာသပတေး၊ ဇွန်လ ၂၀ရက်၊ ၂၀၂၄

စစ်တွေ မောင်နီပြင်ရွာတွင် ၉ တန်းကျောင်းသူ ၁ ဦး ကြိုးဆွဲချသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ ဖေဖော်ဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 7.5k

နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂၅ / ၂၀၂၃

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ မောင်နီပြင်ကျေးရွာတွင် ယနေ့ ဖေဖော်ဝါရီလ ၂၅ ရက်၊ နေ့လယ်ပိုင်းက တန်းကျောင်းသူ ဦး ကြိုးဆွဲချအဆုံးစီရင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ထိုသို့ သေဆုံးသွားသူမှာ မောင်နီပြင်ကျေးရွာမှ ဦးငလုံးချေ၏သမီး မဖြိုးနွယ်ဦး() မိနီမ (၁၇)နှစ်ဖြစ်ကြောင်း သိရသည်။

၄င်း၏နေအိမ်တွင် ကြိုးဆွဲချသေဆုံးနေသည့်အလောင်းကို ယနေ့ နေ့လယ် နာရီခန့်တွင် မိသားစုဝင်များက တွေ့ရှိခဲ့ကြောင်း ရွှေရောင်မေတ္တာဖောင်ဒေးရှင်းက သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုသာဂီဖြိုးက ပြောသည်။

"အခုအလောင်းကိုကျွန်တော်တို့ သွားသယ်ပြီး ဆေးရုံကြီးကို ပို့လိုက်ပါပြီ" ဟု ပြောသည်။
သေဆုံးသူမဖြိုးနွယ်ဦးမှာ စနစ်သစ် တန်းကျောင်းသူဖြစ်ပြီး ယနေ့နံနက်က သူ၏မိဘများအချင်းချင်း စကားများရန်ဖြစ်ပြီးသည့်နောက်တွင် ကြိုးဆွဲချ၍ အဆုံးစီရင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသူက ဆက်ပြောသည်။
"ကျွန်တော်တို့သိရသလောက်တော့ သူ့မိဖတွေ စကားများရန်ဖြစ်လို့ အခုလိုလုပ်သွားတာလို့ သိရပါတယ်"ဟု ပြောသည်။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ မေလမှ အောက်တိုဘာလအတွင်း ကြိုးဆွဲချသေဆုံးသူ ဦးအထိရှိခဲ့ကြောင်း လူမှုကယ်ဆယ်ရေးအသင်းများ၏ စာရင်းမှတ်တမ်းများအရ သိရသည်။ (NN-23)

 ဓာတ်ပုံ - ရွှေရောင်မေတ္တာဖောင်ဒေးရှင်း

ဆက်စပ် သတင်းများ