နိရဥ္စရာ၊ မတ် ၆/၂၀၂၃
၇ခိုင်ပြည်နယ်၊ စစ်တွေမြို့၊ရွာကြီးမြောက်ရပ်ကွက်ရှိ ဈေးဆိုင်ခန်းထဲတွင် သေဆုံးနေသော အမျိုးသားအလောင်း ၁လောင်းကို ယနေ့ နံနက်ပိုင်းက တွေ့ရှိခဲ့သည်ဟု သိ၇သည်။
အဆိုပါသေဆုံးနေသည့်အမျိုးသားအလောင်းမှာ စစ်တွေမြို့၊ အုန်းတစ်ပင်ရပ်ကွက်မှ အသက်(၃၈)နှစ်အရွယ်ကိုအောင်မျိုးဆန်းဖြစ်သည်ဟု သိ၇သည်။
ယင်းသေဆုံးနေသည့်အလောင်းကို ယနေ့မတ်လ ၆ ရက်၊ နံနက် ၆ နာရီကျော်အချိန်က တွေ့ရှိခြင်းဖြစ်သည်
"ဘာဒဏ်ရာမှလည်းမရှိဘဲဒီအတိုင်းသေဆုံးနေတာပါ" ဟု ပြောသည်။
မည်သည့်အတွက်ကြောင့်သေဆုံးသွားသည်ကို မသိ၇သေးဟုလည်း ဆက်ပြောသည်။
"ညည့်အချိန်ကနေသေနေတာလို့ယူ
လက်ရှိတွင် အလောင်းအားစစ်တွေမြို့၊ ပြည်သူ့ဆေးရုံကြီးရှိ ရင်ခွဲရုံသို့ပို့ဆောင်ထားပြီးသေဆုံးသွားသည့် ကိုအောင်မျိုးဆန်းတွင် သား ၂ ဦးရှိသည်ဟုလည်းသိ၇သည်။
စစ်တွေတွင်ပြီးခဲ့သည့်ဖေဖော်ဝါရီ ၂၂ ရက်၊ ည ၉ နာရီခွဲခန့်ကလည်းစစ်တွေတစ်မြို့လုံးကို ရေဖြန့်ဝေပေးနေသည့် ကန်တော်ကြီး ကန်ဘောင်၌ အမည်မသိအသက် ၂၀ မှ ၃၀ ဝန်းကျင်ကြားရှိ အမျိုးသားတစ်ဦး၏အလောင်းကိုတွေ့
ဓာတ်ပုံ -ရွှေရောင်မေတ္တာဖောင်ဒေးရှင်း