Preview

စစ်တွေ မြန်မာ့ဆက်သွယ်ရေး (MPT)ရုံးခြံဝင်းအတွင်း ဝန်ထမ်းတစ်ဦး ဓားထိုးခံရပြီး သေဆုံး

ဧပြီ ၀၄/ ၂၀၂၃ | ကြည့်ရှုသူ :3488
မှုခင်း သတင်း

နိရဉ္စရာ၊ ဧပြီ၄/၂၀၂၃

၇ခိုင်ပြည်နယ်၊ စစ်တွေမြို့၊ကျောင်းကြီးလမ်းရပ်ကွက်ရှိ မြန်မာ့ဆက်သွယ်ရေး (MPT)ရုံးခြံဝင်းအတွင်း ယနေ့နံနက်ကဝန်ထမ်းတစ်ဦး ဓားထိုးခံ၇ပြီး သေဆုံးသွားကြောင်း သိ၇သည်။

ဓားထိုးခံ၇ပြီးသေဆုံးသွားသူမှာMPT ရုံးတွင်အလုပ်လုပ်နေသည့် စစ်တွေမြို့၊ ဘောလုံးကွင်း ရပ်ကွက်မှအသက် ၅၄ နှစ်အရွယ်ဦးဖြူစောလှဖြစ်ကြောင်း သိ၇သည်။

၎င်းသည် ယမန်နေ့ဧပြီလ ၃ ရက်၊ညက အိမ်သို့မပြန်ဘဲ MPT ရုံးတွင်အိပ်ခဲ့ရာမှ ယနေ့ ဧပြီလ ၄ ရက်၊ နံနက် ၆ နာရီခန့်တွင် သူ့အားရုံးခြံဝင်းအနောက်ဘက်၌ လည်မျိုတွင် ဓားထိုးဒဏ်ရာဖြင့်သတိမေ့လျက်တွေ့ရှိခဲ့သည်ဟု ရွှေရောင်မေတ္တာဖောင်ဒေးရှင်းမှကိုသာကီဖြိုးက နိရဉ္စရာသို့ ပြောသည်။

"သူကတော့ ရုံးမှာအိပ်တာပါ။မနက်ရောက်မှ ဓားတန်းလန်းနဲ့မြင်လို့ ကျနော်တို့ကို ဖုန်းဆက်အကြောင်းကြားလာတာပါ။ကျနော်တို့သွားယူတုန်းက အသက်ရှိပါသေးတယ်။ ဆေးရုံကိုရောက်လို့နည်းနည်းကြာမှ ဆုံးသွားတာပါ။ လည်ပင်းမှာဓားတန်းလန်းနဲ့ မနှုတ်ဘဲပါပါသေးတယ်။ဓားက ဓားမြှောင်ပါ" ဟု ပြောသည်။

ဓားထိုးခံရသူ၏ရာထူးနှင့်သူ့တွင် အငြိုးအတေးရှိ/မရှိကို စုံစမ်း၍ မ၇သေးပါ။

၎င်း၏ဓားထိုးသေဆုံးခံရမှုနှင့်ပတ်သက်၍ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေကြောင်း သိ၇သည်။

ပြီးခဲ့သည့် သြဂုတ်လ၁၅ ရက်ကလည်း စစ်တွေမြို့၊ ပြည်နယ်အစိုးရရုံးအနီးရှိ Luminous ပလတ်စတစ်ပစ္စည်းဆိုင်မှအရောင်းဝန်ထမ်းတစ်ဦးဖြစ်သူ မနွယ်သန္တာဝင်းသည် ယင်းဆိုင်တွင်အလုပ်လုပ်ကိုင်နေစဉ် ရက်ရက်စက်စက်လုပ်ကြံဓားထိုးခံ၇ပြီး သေဆုံးသွားခဲ့သည်။ (NN-8)
ဓာတ်ပုံ -ရွှေရောင်မေတ္တာဖောင်ဒေးရှင်း

#မှုခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.