Preview

ဂွမြို့နယ်တွင် သက်တော်၈၀ ကျော် ဆရာတော်ကြီးတစ်ပါး သူခိုးကဓားဖြင့်ခုတ်၍ ပြင်းထန်ဒဏ်ရာရရှိ

မေ ၀၂/ ၂၀၂၃ | ကြည့်ရှုသူ :1440
မှုခင်း သတင်း

နိရဥ္စရာ၊ မေ ၂ /၂၀၂၃

ရခိုင်ပြည်နယ်၊ဂွမြို့နယ်၊ ရဟိုင်ကူးတို့ကျေးရွာအုပ်စု၊ ရဟိုင်ကွင်းကျေးရွာရှိရွှေနန်းခိုင်ဘုရားတောင်ပေါ်တွင် တစ်ပါးတည်း သတင်းသုံးနေသည့် သက်ကြီးဆရာတော်ကြီးတစ်ပါးသည် ယနေ့နံနက်ကသူခိုးထံ ဓားခုတ်ခံရပြီး ပြင်းထန်ဒဏ်ရာများရရှိခဲ့ကြောင်း သတင်းရရှိသည်။

ဓားခုတ်ခံရသည့်ဆရာတော်ကြီးမှာ မြောက်ဦးဇာတိဖွားအသက် ၈၄ နှစ်၊ ဝါတော် ၂၅ ဝါရှိသည့် ဦးကဝိန္ဒ(ခေါ်) ရွှေနန်းခိုင်ဆရာတော်ဖြစ်ပြီးတပ်မတော်အငြိမ်းစား လေထီးတပ်သားတစ်ဦးဖြစ်ကြောင်း ရဟိုင်ကူးတို့ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဦးစိုးဝင်းနိုင်က နိရဥ္စရာသို့ ပြောသည်။

ယင်းဆရာတော်ကြီးသည်ရဟိုင်ကွင်းကျေးရွာမှ ၁ မိုင်ခန့်အကွာရှိ ရွှေနန်းခိုင်ဘုရားတောင်ပေါ်တွင် သတင်းသုံးနေစဉ်ယနေ့ မေလ ၂ ရက်၊ မနက်အစော ၃ နာရီခန့်တွင် အမျိုးသားတစ်ဦးက ငွေကျပ် ၁၅သိန်းနှင့် လက်ကိုင်ဖုန်းတစ်လုံးကို လာရောက် ခိုးယူချိန် ရုန်းရင်းဆန်ခတ်ဖြစ်ပြီးဓားဖြင့် အခုတ်ခံ၇ခြင်းဖြစ်ကြောင်း ပြောသည်။

"ဒီနေ့မနက်ပိုင်း အရုဏ်ဆွမ်းသွားပို့တဲ့အချိန်ဆရာတော်ကြီး ဓားခုတ်ခံရပြီး လဲနေတာတွေ့၇တာပါ။ ဆရာတော်ကြီးကရွှေနန်းခိုင်တောင်ပေါ်မှာ တစ်ပါးတည်းသတင်းသုံးနေတာ။ အဲဒါ သူ့ရဲ့လက်ကိုင်ဖုန်းနဲ့ငွေ ၁၅ သိန်းကိုယူပြီး ဆရာတော်ကိုပါ ဓားနဲ့ခုတ်ခဲ့တာလို့ သိရတယ်" ဟုနိရဥ္စရာသို့ပြောသည်။

ဆရာတော်ကြီးတွင်ဓားခုတ်ဒဏ်ရာကြောင့် လက်ဝဲဘက်ဦးခေါင်းတွင် ပြတ်ရှဒဏ်ရာနှစ်ချက် ရရှိခဲ့သော်လည်းရွာသားများစတွေ့ချိန်တွင် သတိလည်နေသေးသည့်အတွက် အဖြစ်အပျက်ကိုပြန်ပြောပြနိုင်ခဲ့သည်ဟုကျေးရွာသားများက ပြောသည်။

ဆရာတော်ကြီး၏ပြောပြချက်နှင့် ဓာတ်ပုံအချို့ကိုတိုက်ဆိုင်စစ်ဆေးကြည့်ရာ ယခုဓားဖြင့်ခုတ်သွားသူမှာယခင်က ဂွမြို့မရဲစန်းမှ နယ်ထိန်းတပ်ဖွဲ့ဝင် ဒုတပ်ကြပ်ရဲနှစ်ဦးကိုဓားဖြင့်ခုတ်ပြီး ရှောင်ပြေးနေသည့် တရားခံပြေးတစ်ဦးဖြစ်နေကြောင်းဦးစိုးဝင်းနိုင်က ပြောသည်။

အဆိုပါအမျိုးသားမှာဂွမြို့မရပ်ကွက်မှ အသက်(၃၀)ကျော်အရွယ် ဦးမြင့်ဇော်ဖြစ်သည်။

သူသည် ၂၀၂၂ခုနှစ်၊ ဇူလိုင်လက ၄င်း၏ညီဝမ်းကွဲတော်သူကို ဂွမြို့မရဲစခန်းမှ ဒုတပ်ကြပ်ကျော်သန်းနှင့်ခင်သိန်းမောင်တို့က အမှုတစ်ခုနှင့်ပတ်သက်၍ လာရောက်စစ်ဆေးနေစဉ်စစ်ဆေးသည့် ရဲနှစ်ဦးကို ဓားဖြင့်ခုတ်၍ ရှောင်ပြေးနေသူဖြစ်ကြောင်းရဟိုင်ကူးတို့ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနိုင်က နိရဥ္စရာသို့ပြောသည်။

လက်ရှိတွင် ဓားခုတ်ခံရသည့်ဆရာတော်ကြီး၏ဒဏ်ရာများမှာ စိုးရိမ်၇သည့်အတွက် ဂွမြို့ဆေးရုံမှတဆင့်သံတွဲဆေးရုံကြီးသို့ အရေးပေါ်ပို့ဆောင်ထား၇ပြီး ကျူးလွန်သူကိုရဲတပ်ဖွဲ့က အခင်းဖြစ်ပွားရာဝန်းကျင်ရှိနေရာများတွင်တောနင်းရှာဖွေမှုများပြုလုပ်နေသည်ဟု နိရဥ္စရာသို့ပြောသည်။

ဆရာတော်ကြီး၏ ငွေကျပ်၁၅ သိန်းနှင့် ဖုန်းတို့လည်း သူခိုးထံ ပါသွားသည်ဟု ဆိုသည်။ (NN- 23)

#မှုခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.