Preview

စစ်တွေ ပွိုင့်ကမ်းခြေတွင် အသတ်ခံထားရသည့် စားသောက်ဆိုင်ဝန်ထမ်းတစ်ဦး၏ အလောင်းတွေ့ရှိ

မေ ၀၃/ ၂၀၂၃ | ကြည့်ရှုသူ :2399
မှုခင်း သတင်း

နိရဉ္စရာ၊ မေ /၂၀၂၃

 

၇ခိုင်ပြည်နယ်၊ စစ်တွေမြို့ ပွိုင့်ကမ်းခြေအနီးရှိ စားသောက်ဆိုင်များနံဘေးတွင်ရှိသည့် ချုံပုတ်ထဲတွင် အသတ်ခံထား၇သည့် စားသောက်ဆိုင်ဝန်ထမ်းတစ်ဦး အလောင်းကို ယနေ့နံနက် ၁၁ နာရီခန့်က တွေ့ရှိခဲ့ကြောင်း သိ၇သည်။

 

အသတ်ခံ၇သူမှာ စစ်တွေကမ်းခြေ ဟိုတယ်ဆင်းလမ်းရှိ "နိုင်ဂြီး"စားသောက်ဆိုင်မှ ဝန်ထမ်းဖြစ်သူ ကိုစည်သူထွန်း အသက် (၂၀) နှစ်ဖြစ်ကြောင်း သိ၇သည်။

 

၎င်းကိုစည်သူထွန်းသည် ယမန်နေ့ည ၁၁ နာရီခန့်က ဆိုငသိမ်းပြီးနောက်တွင် ဖုန်းပြော၍ အပြင်သို့ထွက်သွားပြီးနောက်တွင် ဆိုင်သို့ပြန်လာခြင်းမရှိခဲ့ကြောင်း အလောင်းအား သွားရောက်သယ်ယူခဲ့သည့် ရွှေရောင်မေတ္တာဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

 

" သူကအဲဒီဆိုင်မှာနေပြီး အလုပ်လုပ်တာပါ။ မနေ့က ၁၁နာရီလောက်မှာအပြင်ကို ထွက်သွားပြီး ပြန်မရောက်လာဘူး။ အဲဒီဆိုင်ကသူတွေပြောပုံအ၇တော့ သူ့ကိုမနေ့ကညက ရှာကြသေးတယ်လို့တော့ ပြောပါတယ်။ မနက် ၁၁နာရီမှ ကြည်နူးရိပ်နဲ့ ဟုန်လီဆိုင်ကြားက ချုံပုတ်ထဲမှာ သူ့အလောင်းကိုတွေ့တာပါ" ဟုပြောသည်။

 

ကိုစည်သူထွန်း၏လည်ပင်းတွင် လက်ဖြင့်ဖျစ်ကာသတ်ထားသည့် ဒဏ်ရာနှင့် ညာဘက်မေးစေ့ အောက်တွင် ဖူးရောင်နေသည့်ဒဏ်ရာရှိကြောင်း အလောင်းအား သွားရောက်သယ်ယူခဲ့သည့် ရွှေရောင်မေတ္တာဖောင်ဒေးရှင်းကပြောသည်။

 

လက်ရှိတွင် အဆိုပါအလောင်းကို စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံတွင်ထားရှိထားကြောင်း သိ၇သည်။

 

ပြည်နယ်မြို့တော်စစ်တွေတွင် မကြာခဏဆိုသလို ခိုးဆိုးလုယက်မှုများ၊ လူသတ်မှုများ ဖြစ်ပေါ်နေသည့်အတွက် မြို့နေလူထုအကြားတွင် စိုးရိမ်မှုများမြင့်တက်လျက်ရှိနေပြီး ထိုသို့ဥပဒေမဲ့မင်းမဲ့စရိုက်ဆန်သည့် ဒုစရိုက်မှုများကိုလည်း ပြည်နယ်ကောင်စီက ထိထိရောက်ရောက် အရေးယူနိုင်ခြင်းလည်းမရှိဖြစ်နေသည်ဟု ဒေသခံများကဝေဖန်ပြောဆိုကြသည်။

 

၇ခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ပြီးခဲ့သည့်မတ်လကလည်း မင်းဂံရပ်ကွက်မှ အသက် ၁၁ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး အဝတ်အစားမပါဘဲ ရိုက်နှက်ခံထားရသည့်ဒဏ်ရာများဖြင့် တွေ့ရှိခဲ့ပြီးနောက်တွင် ဆေးရံကြီးတွင် ဆေးကုသမှုခံယူနေစဉ်အတွင်း သေဆုံးသွားခဲ့သည်။

 

ထို့အတူ ပြီးခဲ့သည့်နှစ်၊ သြဂုတ်လကလည်း စစ်တွေမြို့ရှိ ပြည်နယ်စစ်ကောင်စီရုံးအနီးက အရောင်းဆိုင်တစ်ဆိုင်မှ ဝန်ထမ်းမိန်းကလေးတစ်ဦး အဓမ္မပြုကျင့်ခံခဲ့၇ပြီး ဓားထိုးဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိ၇သည်။

(NN-8)

#မှုခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.