နိရဉ္စရာ၊ မေ ၅/၂၀၂၃
၇ခိုင်ပြည်နယ်၊ မြောက်ဦးမြို့လယ်ရှိဗန္ဓုလတံတားအနီးချောင်းထဲတွင် ယနေ့ မေလ ၅ ရက်၊ နံနက် ၈ နာရီခန့်က ပုပ်ပွနေသည့်အမျိုးသားအလောင်းတစ်လောင်းတွေ့
အဆိုပါအလောင်းသည်မည်သူမည်ဝါဖြစ်ကြောင်းကို မသိရသေးဘဲ ခန္ဓာကိုယ်ပုပ်ပွကာအရေပြားများကွာကျနေပြီဖြစ်သဖြင့်
"သျှစ်သောင်းပွဲမကျခင်ကတည်းကနေရှိမယ်ထင်တယ် လက္ခဏာက။ ပုပ်ပွရောင်နေတာကြောင့်လေ။ လူလတ်ပိုင်းလောက်ဖြစ်မယ်ထင်ပါ
လက်ရှိတွင်အဆိုပါအမည်မသိအလောင်းအား မြောက်ဦးမြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်နေကြောင်းသိ၇သည်။
မြောက်ဦးမြို့တွင် သျှစ်သောင်း၊ထုက္ကန်သိမ်၊ အံတော်သိမ်၊ လေးမျက်နှာဘုရားများ (၉၅)ကြိမ်မြောက် ဗုဒ္ဓပူဇေနိယပွဲတော်ကိုပြီးခဲ့သည့် မေလ ၂ ရက်မှစတင်ကာ ကျင်းပနေစဉ် အတွင်းအခု အလောင်းတွေ့ရှိခြင်းဖြစ်သည်ဟုသိ၇သည်။
သို့သော်လည်း ပွဲတော်ကာလအတွင်းလူပျောက်ဆုံးသည့်သတင်းများလည်း မကြားမိကြောင်း မြို့ခံများက ပြောသည်။ (NN-8)
ဓာတ်ပုံ-ခိုင်မင်းသျှင်