တောင်ကုတ်တွင် ၃ နှစ်အရွယ်ကလေးငယ် ၁ ဦး ရေနစ်သေဆုံး
နိရဥ္စရာ၊ မေ ၅ /၂၀၂၃
၇ခိုင်ပြည်နယ်၊တောင်ကုတ်မြို့ နယ် ၊ ရေလယ်ကျွန်းကျေးရွာမှ ဦးဇော်မင်းလွင်၏သား အသက်(၃)နှစ်အရွယ် မောင်ဟိန်းမျိုးကျော်(ခေါ်) ငလုံးစိသည် ရေနစ်သေဆုံးသွားသည်ဟု သိ၇သည်။
သူသည် ယမန်နေ့မေလ ၄ ရက်၊ ညနေ ၄ နာရီခန့်က ရွာအနီးရှိ တောင်ကုတ်ချောင်းထဲပြုတ်ကျကာပျောက်ဆုံးနေခြင်းပြီး အလောင်းကို ယနေ့ မေလ ၅ ရက်၊ နံနက်ပိုင်းတွင်နတ်မော်ကျေးရွာအနီး ချောင်းထဲ၌ တွေ့ရှိခဲ့ကြောင်း ကလေးငယ်နှင့်အိမ်နီးချင်းအမျိုးသားတစ်ဦးက နိရဥ္စရာသို့ပြောသည်။
"မနေ့ကညနေပိုင်းလောက်က ပျောက်နေတာပါ။ ဒီနေ့မနက်ပိုင်းမှာ အလောင်းကို နတ်မော်ကျေးရွာနားကချောင်းထဲမှာပြန်တွေ့တာပါ" ဟု ပြောသည်။
ယမန်နေ့ ညနေပိုင်းကကလေးငယ်၏ ဖခင်ဖြစ်သူမှာ အိမ်တွင် ရေတုံကင်ပြုပြင်နေရာပစ္စည်းကိရိယာများပျောက်သွားမည်
ယခုရေနစ်သေဆုံးသွားသူမောင်ဟိန်းမျိုးကျော်တွင် မွေးချင်းမောင်နှမ ရ ဦးရှိပြီး ၄င်းမှာအငယ်ဆုံးသားဖြစ်သည်။
ကလေးငယ်၏ ဖခင်ဖြစ်သူဦးဇော်မင်းလွင်မှာ လက်သမားလုပ်ငန်းနှင့် အသက်မွေး ဝမ်းကျောင်းပြုနေသူဖြစ်
ယခုကဲ့သို့နွေခေါင်ခေါင်တွင်ရေနစ်သေဆုံးမှုများ ဖြစ်ပေါ်လျက်ရှိရာ မိုးတွင်းရာသီတွင် ပိုမိုဖြစ်ပွာ
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ဇွန်လ ၁၃ ရက်ကလည်း တောင်ကုတ်မြို့နယ် တန်းလွဲရွာမမြို့တွင် ၈တန်းကျောင်းသူတစ်ဦးရေနစ်သေဆုံးခဲ့သည်ဟု သိ၇သည်။ (NN-23)