Preview

ရသေ့တောင်မြို့ စစ်ဘေးရှောင်စခန်းတစ်ခုမှ အသက် ၁၁နှစ်အရွယ် သုံးတန်းကျောင်းသားတစ်ဦး ရေနစ်မြုပ်သေဆုံး

မေ ၂၃/ ၂၀၂၃ | ကြည့်ရှုသူ :1272
မှုခင်း သတင်း

၇ခိုင်ပြည်နယ်၊၇သေ့တောင်မြို့ပေါ်ရှိစစ်ဘေးရှောင်စခန်းတွင်နေထိုင်သည့်သုံးတန်းကျောင်းသားတစ်ဦးရေနစ်သေဆုံးသွားကြောင်းသတင်းရရှိသည်။

၎င်းကလေးငယ်မှာ ၇သေ့တောင်မြို့နယ် ဆောက်ခတ်ကျေးရွာမှ မြို့ပေါ် စစ်မှုထမ်းဟောင်း စစ်ဘေးရှောင်စခန်းတွင် ယာယီ ခိုလှုံနေသည့် သုံးတန်းကျောင်းသား မောင်ဇော်ငြိမ်းဖြိုး (၁၁)နှစ် ဖြစ်သည်။

 

၎င်း၏သူငယ်ချင်းများနှင့်အတူ ကစားရန်ထွက်သွားကြရာမှပျောက်ဆုံးသွားပြီး ၎င်းကလေးငယ်၏ အလောင်းအား ယနေ့နံနက် နာရီတွင် ၇သေ့တောင်-ပုဏ္ဏားကျွန်းကားလမ်းနံဘေးရှိ ရေမြောင်းထဲတွင် တွေ့ရှိခဲ့၇ခြင်းဖြစ်ကြောင်း ၎င်းတို့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

 

" မိုခါမုန်တိုင်းနဲ့ စခန်းတစ်ခုလုံးပြိုထွက်သွားတဲ့အတွက် စစ်ဘေးရှောင်တွေမှာ နေစရာ အိမ်လည်းမရှိတော့ဘူး။ ဒါကြောင့်အဲဒီမှာ ယာယီ ပြန်ပြီးပြုပြင်နေကြတဲ့ ကာလဆိုတော့ သားသမီးကိုလည်း ဂရုစိုက်ဖို့ မ၇ပုံပေါ်တယ်။ ကစားနေတယ်ဆိုပြီးစိတ်ချလက်ချနဲ့ပေါ့။ ညနေဘက်ပြန်မရောက်တော့ လိုက်လို့ ရှာကြတယ်။ မတွေ့ဘူး။ မနက်မိုးလင်းမှ ၇သေ့တောင်-ပုဏ္ဏားကျွန်းကားလမ်းနံဘေး ရေမြောင်းမှာ နောက်ကျောမှောက်ပြီး အလောင်းတစ်လောင်း တွေ့တယ်ဆိုပြီး သွားကြည့်ကြတာ အဲဒီကလေးဖြစ်နေတယ်" ဟုပြောသည်။

 

အဆိုပါသေဆုံးသွားသည့် ကလေးငယ်နှင့် သူငယ်ချင်းများကို ယမန်နေ့ညနေ နာရီခန့်က ယင်းအလောင်းတွေ့ရှိခဲ့သည့် ၇သေ့တောင်-ပုဏ္ဏားကျွန်းကားလမ်းနံဘေးရှိ ရေမြောင်းတွင် ရေဆော့ကစား၍မြင်ခဲ့ကြောင်း မျက်မြင်အချို့ကပြောသည်ဟုဆိုသည်။

 

လက်ရှိတွင် အဆိုပါကလေး၏အလောင်းအား ရသေ့တောင်မြို့ပြည့်သူဆေးရုံကြီ ရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်း သိ၇သည်။ (NN-8)

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.