Preview

စစ်တွေမြို့ စက်ရုံစုရပ်ကွက်မှ သုံးနှစ်အရွယ်ကလေးတစ်ဦး ကားတိုက်ခံရပြီး ပွဲချင်းပြီးသေဆုံး

မေ ၃၀/ ၂၀၂၃ | ကြည့်ရှုသူ :1644
မှုခင်း သတင်း

၇ခိုင်ပြည်နယ်၊စစ်တွေမြို့စက်ရုံစုရပ်ကွက် ဓမ္မာရုံရှေ့တွင် ယနေ့နံနက်ကိုးနာရီခွဲကျော်ခန့်ကသုံးနှစ်အရွယ်ကလေးငယ်တစ်ဦး မတော်တဆ ကားတိုက်ခံ၇ပြီးပွဲချင်းပြီးသေဆုံးသွားကြောင်းသိ၇သည်။


ကားတိုက်ခံရပြီးသေဆုံးသွားသည့်ကလေးငယ်မှာစက်ရုံစုရပ်ကွက်နေ မောင်ဖြိုးမင်းဝေယံ (၃ နှစ်)ဖြစ်သည်။

 

၎င်း၏အဘွားဖြစ်သူသည်အဆိုပါစက်ရုံစုရပ်ကွက်ဓမ္မာရုံအနီးရှိရေကန်တွင် ရေခပ်နေစဉ် ဓမ္မာရုံအနီးတွင်ရပ်ထားသည့်ကားအောက်ထဲတွင်၎င်းဝင်ရောက်ရှိနေစဉ်ယင်းကားစက်နိူး၍မောင်းထွက်ရာမှ ကားကြိတ်ကာသေဆုံးသွားခြင်းဖြစ်ကြောင်း၎င်းကလေးငယ်၏အလောင်းကို သွားရောက်ယူဆောင်ခဲ့သည့် ရွှေရောင်မေတ္တာဖောင်ဒေးရှင်းကတာဝန်ရှိသူတစ်ဦးမှပြောသည်။

 

"အဘွားဖြစ်သူရေခပ်နေတဲ့အချိန်ကလေးက အဲဒီကားအောက်ကို ဝင်အိပ်နေတယ်လို့ပြောပါတယ်။ ကားဆရာကကလေးကိုကားအောက်ထဲမှာဝင်အိပ်နေတယ်ဆိုပြီး ကားအောက်ကထုတ်ပြီးအဘွားဆီကိုတစ်ခေါက်သွားအပ်ခဲ့ပါတယ်တဲ့ ကလေးကိုခေါ်ထားဆိုပြီးတော့။ပြီးတော့ကားဆရာက ကားပေါ်တက်ပြီးကားထက်မှာ စက်နိုးပြီးဆေးလိပ်တွေဘာတွေသောက်ပြီး လုပ်စရာရှိတာ လုပ်နေတယ်တဲ့။ ကလေးကနောက်တစ်ခါကားထဲဝင်လာတာကိုမသိလိုက်ဘူးတဲ့။ကားထွက်ချိန်မှာမှ ကားတိုက်လိုက်တဲ့အချိန်ခါမှသိတာပါတဲ့။ သူ့အဘွားပြောတာကတော့သူတို့ရေခပ်ပြီးလမ်းမှာသွားနေတာကိုဝင်တိုက်တယ်ဆိုပြီးပြောတယ်။ ဘေးကလူတွေကတော့ ကားသမားပြောသလိုပြောကြတယ်"ဟုပြောသည်။

 

လက်ရှိတွင်အဆိုကလေး၏အလောင်းကို စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးရှိရင်ခွဲရုံတွင်ထားရှိထားပြီး ကားမောင်းသည့် ကားဒရိုင်ဘာကိုမူ ရဲကခေါ်ယူစစ်ဆေးနေကြောင်းသိ၇သည်။

 

(NN-8)

#ကားမတော်တဆ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.