Preview

တောင်ကုတ်မြို့တွင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး

ဇွန် ၁၀/ ၂၀၂၃ | ကြည့်ရှုသူ :1033
မှုခင်း သတင်း

၇ခိုင်ပြည်နယ်၊ တောင်ကုတ်မြို့၊အမှတ် ၄ ရက်ကွက်၊ ၇ လမ်းတွင် အမျိုးသားတစ်ဦး သစ်ပင်ပေါ်၌ ကြိုးဆွဲချ၍ သေဆုံးနေသည်ကိုယနေ့ နံနက် ၉နာရီခန့်တွင် တွေ့ရှိခဲ့၇သည်ဟု သတင်းရရှိသည်။

သေဆုံးသူမှာဦးရွှေကျင် နှင့် ဒေါ်မစိန်းတို့၏ သားဖြစ်သူ အသက် (၅၃) နှစ်အရွယ် ဦးမောင်သန့်စိုးဖြစ်ပြီး၊ တန်းလွဲရွာမမြို့တွင်နေထိုင်သည်ဟု သိ၇ပြီး သေဆုံးသွားသည့် နောက်ကွယ်က အကြောင်းအရင်းကို မသိ၇သေးဟုဆိုသည်။

ဒေသခံတစ်ဦးက သေသွားသူကတော့အရက်သောက်တာများပြီးတော့ အရက်ကြောင် ကြောင်နေတာပါ။ စိတ်ကလည်းသိပ်မမှန်တော့ဘူးလို့သိ၇ပါတယ် ဟုပြောသည်။

သူဆုံးသွားသူမှာမိန်းမနှင့် အတူ သားတစ်ဦး နှင့် သမီး ၂ ဦး ကျန်ရှိခဲ့ကြောင်း ၎င်းကပြောသည်။

လက်ရှိ ကြိုးဆွဲချသေဆုံးသူ၏ အလောင်းကို ယနေ့ ၁၀ နာရီခန့်တွင် တောင်ကုတ်မြို့နယ်၊ တန်းလွဲရွာမရဲစခန်းမှ သွားရောက် ယူဆောင်ခဲ့ပြီး တန်းလွဲတိုက်နယ်ဆေးရုံ၏ ရင်ခွဲရုံသို့ပို့ဆောင်ထားခဲ့ကြောင်း သိ၇သည်။

 

ပြီးခဲ့သည့်မေလ ၂၀ ရက်၊ ညဥ့်အချိန်ကလည်းကျောက်တော်မြို့နယ်၊ ပုံစားကျေးရွာမှ အသက်(၄၀)အရွယ် မုန်တိုင်းဒဏ်သင့်  အမျိုးသမီးတစ်ဦးသည်လည်းသူမ၏ နေအိမ်နောက်ဖေးသစ်ပင်တွင် ကြိုးဆွဲချကာ မိမိကိုယ်ကို မိမိအဆုံးစီရင်သွားခဲ့သည်။


ယခုနှစ်မတ်လ ၁၉ ရက်၊ ညဉ့် ၂ နာရီခန့်ကလည်း စစ်တွေမြို့၊ မင်းဂံရပ်ကွက် အကွက် ၁၃ မှ အသက် ငါးဆယ်အရွယ်လူတစ်ဦး ပြီးခဲ့သည့် ဖေဖော်ဝါရီလ၂၅ ရက်ကလည်း စစ်တွေမြို့နယ်၊ မောင်နီပြင် ကျေးရွာမှ ၉ တန်းကျောင်းသူတစ်ဦးတို့  ကြိုးဆွဲချသေဆုံးသွားခဲ့ကြသည်။

ရခိုင်တွင်မိမိကိုယ်ကိုယ်အဆုံးစီရင်မှုမျာ တဖြည်းဖြည်းတိုးလာနေပြီး စစ်တွေမြို့နယ်တစ်ခုတည်း အတွင်းတွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ မေလမှ အောက်တိုဘာလအတွင်းကြိုးဆွဲချသေဆုံးသူ ၇ ဦးအထိရှိခဲ့ကြောင်းလူမှုကယ်ဆယ်ရေးအသင်းများ၏ စာရင်းမှတ်တမ်းများ အ၇ သိ၇သည်။ (NN-13)

#မှုခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.