ရခိုင်ပြည်နယ်၊စစ်တွေမြို့တွင် ရေနစ်မြုပ်ပျောက်ဆုံးသွားသည့်
ရှာဖွေတွေ့ရှိခဲ့သည့်ရုပ်အလောင်းများမှာ ရန်ကုန်မှ စစ်တွေသို့ ပစ္စည်းများလာပို့သည့်အမ်ဗွီရာဇာမင်းကုန်သင်္ဘောမှ သင်္ဘောသားများဖြစ်သော ကိုသက်ပိုင်ဦး၊ကိုသန့်ဇင်နှင့် ကိုချစ်မင်းပိုင်တို့ဖြစ်ကြသည်။
ယမန်နေ့၊ ဇူလိုင်လ ၁ရက်နှင့် ဇွန်လ ၃၀ ရက်တို့တွင် စစ်တွေမြို့နယ်ရှိ ချောင်းနွယ်မင်းဂံချောင်း အတွင်း တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟုအလောင်းအား သွားရောက်ကူညီသယ်ဆောင်ပေးခဲ့သည့်
“သုံးယောက်လုံးကိုတွေ့ပါပြီ။ထိခိုက်ဒဏ်ရာတွေတော့ မတွေ့ဘူး။ ရေနစ်ထားတော့ ရောင်းကိုင်း နေတာတော့ရှိတယ်”ဟု ပြောသည်။
သူတို့ ၃ ဦးအနက်ကိုချစ်မင်းပိုင်ကို ယမန်နေ့ ဇူလိုင်လ ၁ ရက်၊ နံနက်ပိုင်းတွင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ကိုသက်ပိုင်ဦးနှင့် ကိုသန့်ဇင်တို့ကိုဇွန်လ ၃၀ ရက်၊ နံနက်နှင့် နေ့လယ်တို့တွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။
သူတို့ ၃ ဦးသည် ဇွန်လ ၂၈ ရက်၊ညနေ ၅ နာရီခန့်က စစ်တွေမြို့မှ ပစ္စည်းအချို့ဝယ်ယူပြီးချောင်းနွယ်မင်းဂံဆိပ်ကမ်း၌ဆိုက်ကပ်ထားသည့် အမ်ဗွီရာဇာမင်းသင်္ဘောပေါ်သို့ လောင်းလှေဖြင့်ပြန်လာစဉ် ချောင်းနွယ်မင်းဂံချောင်းအတွင်းလှေမှောက်ကာ ရေနစ်မြုပ်ပျောက်ဆုံးသွားခဲ့ကြခြင်း ဖြစ်သည်ဟု မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းမှ အတွင်းရေးမှူးကိုသားချေက ပြောသည်။ (NN-16)
ဓာတ်ပုံ -ရွှေရောင်မေတ္တာဖောင်ဒေးရှင်း