Preview

ကျောက်ဖြူတွင် အမျိုးသားတစ်ဦး ဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ရှိ

ဇူလိုင် ၁၇/ ၂၀၂၃ | ကြည့်ရှုသူ :1513
မှုခင်း သတင်း

၇ခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် အသက်(၃၀)ကျော်အရွယ် ဦးခင်မောင်ရီ ဆိုသူအား ယနေ့နံနက် ဒဏ်ရာများဖြင့် သေဆုံးလျက် တွေ့ရှိခဲ့သည်ဟု သိ၇သည်။

သူ့ကို ယနေ့ဇူလိုင်လ ၁၇ ရက်၊ နံနက် ၉ နာရီကျော်ခန့်က ကျောက်ဖြူမြို့၊ ကုလားဘာတောင်ရပ်ကွက်၊ သီဟိုဠ်တောလမ်းဘေးရှိ ရေမြောင်းတွင် ခန္ဓာကိုယ်၌ ထိခိုက်ဒဏ်ရာများဖြင့်သေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု အလောင်းအား သွားရောက်သယ်ဆောင်ပေးခဲ့ရာတွင် ပါဝင်သူတစ်ဦးက ပြောသည်။

"သူက အိုးမဲ့အိမ်မဲ့တစ်ယောက်ပါ။ ကျွန်တော်တို့ရောက်သွားတော့ အလောင်းကို တာဝန်ရှိသူတွေက အိတ်အမဲနဲ့ဖုံးထားလို့ ဘယ်လိုဒဏ်ရာတွေပါလဲဆိုတာ မသိလိုက်ရပါဘူး။ ဒါပေမဲ့ အနီးအနားဝန်းကျင်က မြင်လိုက်ရသူတွေ ပြောတာကတော့ ထိခိုက်ဒဏ်ရာတွေပါတယ်လို့ပြောတယ်" ဟု ပြောသည်။

မည်သည့်အတွက် သေဆုံးသွားသည်ကို အရပ်သားများအနေဖြင့် သေချာမသိ၇သေးဟုဆိုသည်။

လက်ရှိတွင် အလောင်းအား ကျောက်ဖြူမြို့၊ ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ပို့ဆောင်ထားကြောင်း သိ၇သည်။ (NN-12)

ဓာတ်ပုံ - လေး၀တီကုက္ခိတပ၇ဟိတအသင်း

#ကျောက်ဖြူ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.