ရခိုင်ပြည်နယ်၊ပုဏ္ဏားကျွန်းမြို့နယ်၊ ပန်းနီလာကျေးရွာတွင် မြက်သတ်ဆေးသောက်ကာအမျိုးသားတစ်ဦးသေဆုံးသွားကြော
သေဆုံးသူမှာဦးင/နီအောင် (၅၈) နှစ် ဖြစ်သည်။
မြက်သတ်ဆေးသောက်ကာရွာသင်္ချိုင်းတွင် သေဆုံးနေသည့် ဦးင/နီအောင်၏ရုပ်အလောင်းကို ယနေ့
"သူ ညအချိန်မတော် သင်္ချိုင်းမှာ မြက်သတ်ဆေးသောက်ပြီးသေနေတာဖြစ်နိုင်တယ်။ တွေ့တာက မနက်မှ တွေ့ကြတာပါ။ သူက အရက်လည်း တော်တော်သောက်ပါတယ်။ စိတ်တောင်သိပ်မခိုင်သလိုလိုတွေဖြစ်ပြီး အခုလိုလုပ်သွားတာဖြစ်မယ်"ဟုဆိုသည်။
အလောင်းကိုယနေ့ နေ့လယ်ပိုင်းတွင် သင်္ဂြိုဟ်ခဲ့သည်ဟု သိ၇သည်။
ဦးင/နီအောင်သည်လွန်ခဲ့သည့် ၅ နှစ်က ဇနီးသေဆုံးပြီးကတည်းက အရက်စွဲနေသူ တစ်ဦးဖြစ်ကြောင်းလည်းရွာသားများက ပြောသည်။ (NN-7)
ဓာတ်ပုံ- ပေးပို့