- Web Master
- ၂၅ အောက်တိုဘာ ၂၀၂၄
(ဆေးပြားများသယ်ဆောင်လာသူ သုံးဦး ထွက်ပြေးလွတ်မြောက်သွား)
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင်
စိတ်ကြွရူးသွပ်ဆေးပြား ၈၃,၂၅၀ ပြားကို စစ်ကောင်စီနယ်ခြားစောင့်တပ်က
ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါမူးယစ်ဆေးများကို ယမန်နေ့ အောက်တိုဘာ ၂၃ ရက်၊ ညနေ ၅ နာရီခွဲခန့်၌ မောင်တောမြို့နယ်၊ ရေမျက်တောင်ကျေးရွာ၏ မြောက်ဘက် (၂)မိုင်ခန့်အကွာ ဓနိတောတွင် စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြည်နယ်စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်တွင် အမျိုးသားသုံးဦးသယ်ဆောင်လာသည့် အထုပ်အားဖွင့်ပြီးစစ်ဆေးရာ ကာလတန်ဖိုးကျပ် ၁၆၆ ဒသမ ၅ သန်းတန်ဖိုးရှိ
WY/R စာတမ်းပါ လိမ္မော်ရောင်စိတ်ကြွရူးသွပ်ဆေး
မူးယစ်ဆေးဝါးသယ်ဆောင်လာသည့် အမျိုးသားသုံးဦးမှာ
ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။
မောင်တောမြို့နယ်တွင် ပြီးခဲ့သည့် အောက်တိုဘာ ၁၉ ရက်၊ ၂၀ ရက်နှင့် ၂၂ ရက်တို့ကလည်း ကာလတန်ဖိုး ကျပ်သိန်း ၃၀၀၀ ကျော်ဖိုးရှိသည့် WY စိတ်ကြွဆေးပြား ၂ သိန်းနီးပါးနှင့်အတူ ဆေးပြားသယ်ဆောင်လာသူအပါအဝင် စုစုပေါင်း ဆက်စပ်သူ ၆ ဦးကိုလည်း ဖမ်းဆီးမိခဲ့သည်။ (NN-11)
ဓာတ်ပုံ - ပုံဟောင်းသာဖြစ်ပါသည်။