Preview

ပုဏ္ဏားကျွန်း သာစည်ရွာတွင် အမျိုးသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

အောက်တိုဘာ ၃၁/ ၂၀၂၃ | ကြည့်ရှုသူ :3689
မှုခင်း သတင်း

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ သာစည်ကျေးရွာတွင် ဓားခုတ်ခံရ၍ အမျိုးသားတစ်ဦး သေဆုံးသွားခဲ့သည်ဟု သိ၇သည်။

သေဆုံးသွားသူမှာ ဦးမောင်သိန်းမြင့်(၅၁) နှစ်ဖြစ်သည်။

သူသည် ယမန်နေ့ အောက်တိုဘာ ၃၀ ရက်၊ ည ၈ နာရီအချိန် အငယ်ဆုံးသား ၅ နှစ်အရွယ်ကလေးငယ်နှင့် မီးပုံးတင်ပွဲကိုကြည့်နေစဥ် တစ်ရွာတည်းသားများဖြစ်ကြသည့် ထွန်းကျော်မောင်နှင့် ဘိုနိုင်စိုးတို့က ဓားဖြင့် ဝင်ခုတ်ခဲ့ခြင်းဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။

သေဆုံးသူ၏ မိသားစုဝင်တစ်ဦးက"အရင်တုန်းကတော့ သူတို့ချင်း စကားများပြီး ပြဿနာ ဖြစ်ဖူးတာတော့ ရှိတယ်။ ကြာပါပြီ။ ငါးနှစ်၊ ခြောက်နှစ်တောင်ရှိသွားပြီ။ လူကြီးမိဘတွေနဲ့ ရှင်းပြီးသွားပါပြီ။ အဲဒါကိုမကျေနပ်လို့ လာခုတ်တာထင်တယ်"ဟု ပြောသည်။

ယင်းသို့ ဓားခုတ်ခံရ၍ ဦးမောင်သိန်းမြင့်တွင် ဦးခေါင်း ဘယ်ဘက်ခြမ်းနှင့် ညာဖက်လက်တို့၌ ဓားခုတ်ဒဏ်ရာပြင်းထန်မှုကြောင့် ပွဲချင်းပြီးသေဆုံးသွားခဲ့သည်ဟု ဆိုသည်။

ဦးမောင်သိန်းမြင့်အလောင်းအား ယနေ့ နေ့လယ် ၂ နာရီခွဲတွင် ရွာသုသာန်၌ မြေမြှုပ်သဂြိုဟ်ခဲ့ကြောင်းလည်း သိရသည်။

သေဆုံးသူတွင် သားသမီးလေးဦးရှိပြီး ကွမ်းစိုက်ခင်းလုပ်ကာ လုပ်ကိုင်စားသောက်နေသူဖြစ်သည်။

လက်ရှိတွင် ပြစ်မှုကျူးလွန်သူနှစ်ဦးကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)က ဖမ်းဆီးထားကြောင်း သိ၇သည်။ (NN -10)

#ပုဏ္ဏားကျွန်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.