Preview

ကျောက်တော်မြို့တွင် ညအချိန် ကားကိုဆိုင်ကယ်ဖြင့် ဝင်တိုက်၍ အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံး

နိုဝင်ဘာ ၀၂/ ၂၀၂၃ | ကြည့်ရှုသူ :4999
မှုခင်း သတင်း

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့အဝင်လမ်းတွင်ရပ်ထားသည့် တေဘာကား တစ်စီးအား ညအချိန် ဆိုင်ကယ်ဖြင့်ဝင်တိုက်မိ၍ ဆိုင်ကယ်စီးလာသူ အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးသွားကြောင်း သိ၇သည်။

သေဆုံးသူမှာ ကျောက်တော်မြို့၊ ကစ္ဆပရပ်ကွက်မှ အသက်(၃၈) နှစ်အရွယ်ရှိ ဦးစောမြတ်အောင်ဖြစ်သည်ဟု မြို့ခံများက ပြောသည်။


နိုဝင်ဘာ ၁ ရက်၊ ည ၈ နာရီခွဲခန့်တွင် ကျောက်တော်မြို့အဝင်လမ်းဘေးရှိ ကားဝပ်ရှော့ဆိုင်၌ပြုပြင်ရန်ရပ်ထားသည့် တေဘာကားတစ်စီးအား ဝင်တိုက်မိပြီး ပွဲချင်းပြီးသေဆုံးခဲ့ခြင်းဖြစ်သည်ဟု သွားရောက်ကူညီပေးခဲ့သည့် မျက်မြင်တစ်ဦးက ပြောသည်။

"ဝပ်ရှော့ဆိုင်မှာ လုပ်ဖို့ရပ်ထားတဲ့ တေဘာကားတစ်စီးကို ဆိုင်ကယ်က ဝင်တိုက်တာ။ အရှိန်နဲ့မောင်းလာတော့ ပွဲချင်းပြီးသေသွားတယ်" ဟုပြောသည်။

 

အခင်းဖြစ်ပွားရာနေရာတွင် လမ်းမီးရှိသော်လည်း အလင်းရောင် အလွန် အားနည်းမှုကြောင့် ယခုကဲ့သို့ မတော်တဆမှုဖြစ်ပွားခြင်းဖြစ်သည်ဟု မြို့ခံများက ဆိုသည်။


သေဆုံးသူသည် ကျောက်တော်တောင်တွင် ကြံရည်နှင့် အအေးစုံရောင်းနေသူ တစ်ဦးဖြစ်ပြီး အိမ်ထောင်ရှိသည်ဟုလည်း သိရသည်။

သေဆုံးသူ၏အလောင်းကို ကျောက်တော်မြို့၊ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားပြီး မနက်ဖြန် နိုဝင်ဘာ ၃ ရက်တွင် ကျောက်တော်မြို့ သုဿန်၌ သဂြိုဟ်သွားမည်ဟု သိ၇သည်။ (NN -13)

 

ဓာတ်ပုံ - ပေးပို့

#သေဆုံး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.