တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

စစ်တွေကမ်းခြေ ဟိုတယ်ဆင်းလမ်းတံတားအနီးတွင် စုံတွဲတစ်တွဲ ဝက်အူလှည့်ဖြင့် အထိုးခံရ


  • ရေးသူ: Web Master (NN 08)
  • | ရက်စွဲ: ၁၂ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 2.2k

ရခိုင်ပြည်နယ်၊ စစ်တွေမြို့  ပင်လယ်ကမ်းခြေ၊ စစ်တွေဟိုတယ်ဆင်းလမ်းရှိ တံတားအနီး ကမ်းခြေတွင် ယနေ့ည ၈ နာရီခွဲကျော်ခန့်က ချိန်းတွေ့နေသည့် သမီးရည်းစားစုံတွဲတစ်တွဲ လုယက်ခံရပြီး ဝက်အူလှည့်ဖြင့် အထိုးခံခဲ့ရသည်။

ဝက်အူလှည့်ဖြင့်အထိုးခံရသည့်စုံတွဲတွင် အမျိုးသားဖြစ်သူသည် လည်မျို၊ ရင်ဘတ်နှင့် နောက်ကျောတို့တွင် ဒဏ်ရာရရှိသွားပြီး အမျိုးသမီးဖြစ်သူတွင် နောက်ကျော၌ ဒဏ်ရာရရှိသွားကြောင်း သိရသည်။

အဆိုပါစုံတွဲချိန်းတွေ့နေသည့်နေရာသည် မီးအလင်းရောင်မရှိသည့်နေရာဖြစ်ကာ ၎င်းတို့အား လာရောက်ကျူးလွန်ခဲ့သည့် တရားခံမှာ မည်သူမည်ဝါဖြစ်ကြောင်းကို မသိရှိလိုက်ကြောင်း ကာယကံရှင်နှင့် မှုခင်းကိုလာရောက်ကြည့်ရှုသည့် ဒေသခံများကပြောသည်။

ထို့အပြင် ယင်းကျူးလွန်သူထွက်ပြေးသွားသည့်နောက်အား အနီးအနားရှိဒေသခံများက လိုက်လံရှာဖွေခဲ့သော်လည်း ရှာမတွေ့ဘဲ လွတ်မြောက်သွားခဲ့သည်။


လက်ရှိတွင် အဆိုပါစုံတွဲအား ရွှေရောင်မေတ္တာဖောင်ဒေးရှင်းမှ အရေးပေါ်ယာဉ်ဖြင့် စစ်တွေပြည်သူ့ ဆေးရုံကြီးသို့ခေါ်ဆောင်သွားသည်။


အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အသေးစိတ်အကြောင်းအရာကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

 

ယင်းမှုခင်းဖြစ်ပွားခဲ့သည့်နေရာသည် လူသူပြတ်လပ်သည့်နေရာဖြစ်ပြီး မကြာခဏလုယက်မှုများ ဖြစ်ပွားသည့် နေရာတစ်ခုဖြစ်သည်ဟု  အနီးအနားရှိဒေသခံများကပြောသည်။ NN-8

 

ဓာတ်ပုံ- နိရဉ္စရာ

ဆက်စပ် သတင်းများ