တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

စစ်တွေတွင် ပျောက်ဆုံးနေသူ နှစ်ဦးကို ရေနစ်သေဆုံးလျက်ပြန်တွေ့


  • ရေးသူ: Web Master (NN 23,NN 25)
  • | ရက်စွဲ: ၁၉ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.4k

ရခိုင်ပြည်နယ်၊စစ်တွေမြို့တွင် (၂) ရက်အတွင်း  ပျောက်ဆုံးနေသူနှစ်ဦး၏ အလောင်းများကို ရေနစ်သေဆုံး၍ ပြန်တွေ့ခဲ့သည်ဟု သတင်းရရှိသည်။

 စိတ်ဝေဒနာခံစားနေရသူ ကုန်တန်းရပ်ကွက်မှ အသက် (၆၅)နှစ်အရွယ် ဦးကျော်သိန်းအား ယနေ့ ဒီဇင်ဘာလ ၁၉ ရက်မနက်ပိုင်းကတွေ့ရှိခဲ့ပြီး ဆတ်ရိုးကျ အနောက်ရွာဟောင်းနေ ကိုစူပါ (ခ) မောင်အောင်ထွန်း၏ ရုပ်အလောင်းကို  ယမန်နေ့  ဒီဇင်ဘာ ၁၈ ရက် ညနေပိုင်းက ဆတ်ရိုးကျ ချောင်းအတွင်း ရှာဖွေတွေ့ရှိခဲ့သည်ဟု

 

ဦးကျော်သိန်းသည်  ဒီဇင်ဘာလ ၁၈ ရက်၊ ညနေက ပျောက်ဆုံးနေခဲ့ပြီး  ယနေ့ ဒီဇင်ဘာ ၁၉ရက် နံနက် ၇နာရီ အချိန်တွင်  ပွိုင့်ကမ်းခြေ ကျောက်ဆောင်ကြားတွင် ငါးဖမ်းပိုက်နှင့် ငြိပြီး ဒီရေအကျတွင် သူ့အလောင်းကို ရှာဖွေတွေ့ရှိခဲ့သည်ဟု ရွှေရောင်မေတ္တာ ဖောင်ဒေးရှင်းအသင်းမှ တာဝန်ရှိသူတစ်ဦးက နိရဉ္စရာသို့ ပြောသည်။

 

“ ဒီနေ့ နံနက်ပိုင်း ပွိုင့်ဖက်မှာသွားရှာတာ အဲမှာ အလောင်းတွေ့တာပါ။ ကျွန်တော်တို့ထင်တာက သူကငါးဖမ်းပိုက်မှာ ငြိပြီး ဒီရေကျတဲ့အခါ အလောင်း ပေါ်လာတာ။  မိသားစုက ပို့ထားတဲ့ ပုံတွေနဲ့ တိုက်ကြည့်တော့ အဲ့လူဖြစ်နေတယ်။  ပြင်ပဒဏ်ရာတော့မရှိပါဘူး ရိုးရိုးရေနစ်သေတာပါဘဲ"ဟု ပြောသည်။

 

လက်ရှိတွင် ဦးကျော်သိန်း၏အလောင်းအား စစ်တွေပြည်သူ့ဆေးရုံကြီး၊ရင်ခွဲရုံသို့ ပို့ဆောင်ထားပြီ ဖြစ်ကြောင်း ရွှေရောင်မေတ္တာဖောင်ဒေးရှင်းကထုတ်ပြန်ထားသည်။

 



ဒီဇင်ဘာလ ၁၆ ရက်က စစ်တွေမြို့ ဆတ်ရိုးကျချောင်းတွင် ပျောက်ဆုံးနေသော ဆတ်ရိုးကျ ဗျိုင်းဖြူရွာကျေးရွာ အနောက်ရွာဟောင်းနေ ကိုစူပါ (ခ) မောင်အောင်ထွန်း (၃၀) နှစ်၏ ရုပ်အလောင်းကိုလည်း ယမန်နေ့ ဒီဇင်ဘာ ၁၈ ရက်  ညနေပိုင်းက ဆတ်ရိုးကျချောင်းအတွင်း ရှာဖွေတွေ့ရှိခဲ့သည်ဟု သိရသည်။

 

၎င်းသည် ဒီဇင်ဘာ၁၇ရက်နေ့ ညနေပိုင်း ဆတ်ရိုးကျချောင်းတွင် ရေကူးနေစဥ် ရေနစ်ပျောက်ဆုံးသွာပြီး ယမန်နေ့ ဒီဇင်ဘာ ၁၈ရက်နေ့ နေ့လယ်၃နာရီခန့်တွင် ချောင်းအတွင်း၌ရှာဖွေတွေ့ရှိခဲ့သည်ဟု မေတ္တာရောင်ခြည် ဖောင်ဒေးရှင်းအသင်းမှ တာဝန်ရှိသူတစ်ဦးက နိရဉ်စရာသို့ ပြောသည်။

 

"သူတို့ ချောင်းကို ရေကူးရင်းဖြစ်တာ တစ်ယောက်ရေနစ်ကျန်ခဲ့တယ်လို့ သတင်းတစ်ခုကြားထားတော့ ချောင်းအနီးကလူတွေနဲ့ပေါင်းပြီး လိုက်ရှာကြတာ မနေ့က တွေ့တာပါ" ဟုပြောသည်။ (NN 3- NN- 23)


 ဓာတ်ပုံ- ရွှေရောင်မေတ္တာဖောင်ဒေးရှင်း


ဆက်စပ် သတင်းများ