တနင်္လာ၊ ဧပြီလ ၂၉ရက်၊ ၂၀၂၄

မောင်တောမြို့တွင် ရွှေဆိုင်ပိုင်ရှင်နေအိမ် ဓားပြတိုက်ခံရပြီး ရွှေထည်ပစ္စည်းအများပြားပါသွား


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၂၁ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.2k

ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် ဒီဇင်ဘာလ ၂၀ ရက် ညအချိန်က ရွှေဆိုင်ပိုင်ရှင်တစ်ဦး၏ နေအိမ်ကို  ဘူးရ်ခါးဝတ်ဆင်ထားသူများမှ ဓါးပြဝင်တိုက်သွားပြီး  ကျပ်သိန်းပေါင်းသောင်းနှင့် ချီသည့် ရွှေထည်ပစ္စည်းများ ပါသွားကြောင်း မြို့ခံများကပြောသည်။

ဓားပြတိုက်ခံရသည့်နေအိမ်မှာ မောင်တောမြို့၊ မြို့မတောင်ရပ်ကွက်၊ ဘီလီဆေးလိပ်ပွဲရုံတန်းမှ အဏ္ဏဝါရွှေဆိုင်ပိုင်ရှင် မွတ်ဆလင်အမျိုးသား ဦးအဏ္ဏဝါဆာဒတ်၏ နေအိမ်ဖြစ်ကြောင်း သိရသည်။

" ဓားပြတိုက်ခံရတယ်ဆိုဟာ ဟုတ်ပါတယ်။ အဲဒီအိမ်ပိုင်ရှင်က ရွှေဆိုင်ပိုင်ရှင်တယောက်ပါ။ မနေ့ညက လူငါးယောက်က ဝင်ပြီးဓားပြတိုက်ပြီး ရွှေထည်ပစ္စည်းတွေယူသွားတယ်လို့ သိရပါတယ်" ဟု မောင်တောမြို့ခံ အမျိုသားတစ်ဦးကပြောသည်။

 

ယမန့်နေည ၁၁ နာရီခန့်က ဘူးရ်ခါးဝတ်ဆင်ထားသည့် အမည်မသိအမျိုးသား ၅ ဦးခန့်က အိမ်စီးကားတစ်စီးဖြင့် လာရောက်ပြီး ဓားပြတိုက်သွားခြင်းဖြစ်ကြောင်း မြို့ခံများကပြောသည်။

 

အဆိုပါဓားပြတိုက်မှုဖြစ်စဥ်အတွင်း ရွှေထည်ပစ္စည်း ၃ ပိသာမှ ၅ ပိသာအထိပါသွားကြောင်း မြို့ခံများကြား သတင်းထွက်နေသော်လည်း နိရဥ္စရာအနေဖြင့် ပါသွားသည့်ရွှေထည်ပစ္စည်းပမဏာကို အတည်ပြုနိုင်ခြင်းမရှိသေးပါ။

 

" ရွှေက သုံးပိသာပါသွားသလိုပြောကြတာလည်းရှိတယ်။ ၅ ပိသာလောက်ပါသွားတယ်လို့လည်း ပြောနေကြတယ်" ဟု မောင်တောမြို့ခံအမျိုးသားတစ်ဦးကပြောသည်။

 

အဆိုပါဖြစ်စဥ်အသေးစိတ်နှင့် ဓားပြတိုက်ခံလိုက်ရသည့် ရွှေထည်ပစ္စည်းပမာဏကို သိရှိနိုင်ဖို့ နေအိမ်ပိုင်ရှင်များနှင့် အဆက်သွယ်ရရှိရန်ကြိုးစားနေသည်။

 

ဦးအဏ္ဏဝါဆာဒတ်မှာ မောင်တော ဗလီကြီးရှေ့တွင် အဏ္ဏဝါအမည်ရှိရွှေဆိုင်ဖွင့်လှစ်ထားသူဖြစ်ပြီး ၄င်း၏ အိမ်အောက်ထပ်ကိုလည်း ငှားရမ်းကာ နောက်ထပ်ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ရွှေဆိုင် ဖွင့်လှစ်ထားကြောင်း မြို့ခံများက​ပြောသည်။

 

သို့သော်လည်း ဓားပြများသည်သူ၏ နေအိမ်ကို ဝင်တိုက်သွားခြင်းဖြစ်သည်ဟု သိရသည်။(NN-23)

ဆက်စပ် သတင်းများ