Preview

မောင်တောတွင် မြိုတိုင်းရင်းသား လူငယ်တစ်ဦး သတ်ဖြတ်ခံရ

မေ ၀၂/ ၂၀၂၄ | ကြည့်ရှုသူ :4802
မှုခင်း သတင်း

သဥ္ဇာနွယ်/ နိရဥ္စရာ၊မေ ၂ / ၂၀၂၄

၇ခိုင်ပြည်၊ မောင်တောမြို့နယ်တွင် ပျောက်ဆုံးနေသည့် မြိုလူငယ်တစ်ဦးအလောင်းကို ၂ရက်အကြာတွင်  ရှာဖွေတွေ့ရှိခဲ့သည်ဟု သတင်းရရှိသည်။

 သေဆုံးသွားသူမှာ မောင်တောမြို့နယ် တရိန်း ( မြို)ရွာမှ အဖ ဦးမေဆန်း၏သား မောင်ပေါ်ဝေ အသက်( ၁၃ )နှစ် ဖြစ်သည်။

မောင်ပေါ်ဝေသည်ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့က နွားကျောင်းသွားစဥ် ပျောက်ဆုံးသွားခဲ့ပြီးရွာသားများက လိုက်လံရှာဖွေရာ  ဧပြီ ၂၇ ရက်နေ့  မွန်းလွ၁၂နာရီကျော်ခန့်က တူလာကီမွတ်ဆလင်(ရွာဟောင်း)တွင် အလောင်းကိုတွေ့ရှိခဲ့သည်ဟု ၎င်းကျေးရွာသား တစ်ဦးက နိ၇ဉ္စရာ သတင်းဌာနကို ပြောသည်။

ရွာကနေ သူနဲ့သူ့ သူငယ်ချင်း ၃ ယောက်နွားကျောင်းသွားကြတယ်။ အဲ့ဒီ မှာမောင်ပေါ်ဝေက သူကျောင်းနေတဲ့နွား ၂ ကောင်က မင်းကြီးရွာဟောင်းဘုန်းကြီးကျောင်းနားကတောထဲကိုဝင်သွားလို့ လိုက်ရှာရင်းနဲ့ ပျောက်သွားတာ။ သူ့သူငယ်ချင်းတွေက အိမ်ကိုညနေ၄ နာရီလောက်ပြန်ရောက်ပြီး သူကပြန်မရောက်တော့ မိဘတွေက စိတ်ပူလို့ ရွာသားတွေကိုအကူအညီတောင်းပြီး လိုက်ရှာတာ ၂၇ ရက်နေ့ မှာပဲ သေဆုံးနေတဲ့ရုပ်အလောင်းကိုတွေ့တယ်ဟုပြောသည်။

မောင်ပေါ်ဝေကို သတ်ဖြတ်သူမှာ မည်သူမည်ဝါမသိရသေးသော်လည်းနွားမှောင်ခိုလုပ်နေသည့် လူအုပ်စုက သတ်ဖြတ်ခြင်းဖြစ်နိုင်သည်ဟု တရိန်းရွာသားများကယူဆကြောင်းသိ၇သည်။

ဘယ်သူဘယ်ဝါဘယ်အဖွဲ့က သတ်တယ်လို့မသိရသေးပေမယ့်ရွာသားတွေထင်တာက  အဲ့ဒီဖက်မှာနွားမှောင်ခိုလုပ်တဲ့သူရှိနေတယ်။ အနည်းဆုံး ရ ယောက် အုပ်စုလိုက်စီရှိကြတယ်။၂၆ ရက်နေ့ကရှာတုန်းက တောထဲမှာ မြင်းခြံဖိနပ်တစ်ဖက်ကိုတွေ့ခဲ့တယ်။ အဲ့ဒါကလူသတ်သမားဖိနပ်လို့ ယူဆကြတယ်ဟုပြောသည်။

မောင်ပေါ်ဝေတွင် ဘယ်ဖက်မှေးရိုးကျိုးပြီး၊ဘယ်ဖက်မျက်လုံးတစ်ဖက်ထွက်ကျနေကာ၊ လည်ပင်းတွင် ပြတ်ရှ ဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ခဲ့ရကြောင်း ရွာသားများကပြောသည်

ယခုကဲ့သို့ လူငယ်တစ်ဦးသတ်ဖြတ်ခံရသဖြင့် ကျေးရွာသားများအကြားစိုးရိမ်မှုများ မြင့်တက်နေကြောင်း သိ၇သည်။

#မောင်တော
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.