Preview

ရေလမ်းကနေဝင်ရောက်လာသည့် စိတ်ကြွဆေးပြား တစ်သိန်းကျော်နှင့်အတူ လူ ၁၇ ဦးကို ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်ဖွဲ့က ဖမ်းဆီး

ခိုင်လူလှ (ရိုးမမြေ) | ဇူလိုင် ၂၀/ ၂၀၂၅ | ကြည့်ရှုသူ :4348
မှုခင်း သတင်း

နိရဉ္စရာ၊ ဇူလိုင် ၂၀/ ၂၀၂၅

မြန်မာနိုင်ငံကနေ ရေလမ်းကတစ်ဆင့် တင်သွင်းလာသော ယာဘားစိတ်ကြွဆေးပြား ၁၄၀၀၀၀နှင့် Mariz အမှတ်တံဆိပ် နိုင်ငံခြား စီးကရက် အထုပ် ၄၀ တို့ကို  မော်တော်ဘုတ် ၂ စီးပေါ်က လူ ၁၇ ဦးနဲ့ အတူ ဖမ်းမိခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ဖမ်းမိသည့်မှောင်ခို ပစ္စည်းများ၏ တန်ဖိုးမှာ တာကာ ၇၀ ဒသမ ၂ ကုဋေခန့်ဖိုးရှိကြောင်း သိရသည်။

သောကြာနေ့ (ဇူလိုင်လ၁၈) နေ့တွင်တက်ကနက်မြို့ အခြေစိုက် ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်နှင့် Shahpari ကျွန်းကင်းစခန်းတို့ ပူးပေါင်းတပ်ဖွဲ့သည်နတ်မြတ်၀ရှိ စိန့်မာတင်ကျွန်းနှင့် ကပ်လျက်ရှိသောပင်လယ်ပြင်တွင် လျှို့ဝှက်သတင်းအရ  စစ်ဆင်ရေးပြုလုပ်ခဲ့စဉ် ၎င်းမှောင်ခို ပစ္စည်းများကို ဖမ်းမိခဲ့သည်ဟုဆိုသည်။

မှောင်ခိုသမားများသည်၎င်းပစ္စည်းများအား သစ်သားစက်လှေနှစ်စင်းဖြင့်သယ်ယူလာခြင်းဖြစ်ကြီး  ကမ်းခြေစောင့်တပ်ဖွဲ့ကရပ်တန့်ရန် အချက်ပြလိုက်သောအခါတွင် ပင်လယ်ထဲသို့ ထွက်ပြေးရန် ကြိုးပမ်းခဲ့ကြပြီးတစ်နာရီကြာ လိုက်ရှာပြီးနောက် ၎င်းလှေနှစ်စင်းကို ဖမ်းမိခဲ့သည်ဟုကမ်းခြေစောင့်တပ်ဖွဲ့မှ သတင်းမီဒီယာအရာရှိ ဒု-ဗိုလ်Harun (ခ) Rashid က ပြောသည်။

ဖမ်းဆီးရမိသူများအား မူးယစ်ဆေးဝါးထိန်းချုပ်ရေးဥပဒေဖြင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။ Source: Cox'sbazar News


#မူးယစ်ဆေးဝါး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.