ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

လူ၁၃ ဦးနှင့်အတူ အိန္ဒိယလေတပ် သယ်ယူပို့ဆောင်ရေးလေယာဉ်တစ်စီးပျောက်ဆုံးနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ ဇွန် ၂၀၁၉
  • | ကြည့်ရှုသူ: 5.4k

နိရဥ္စရာ၊ ဇွန် ၆/ ၂ဝ၁၉

အိန္ဒိယလေတပ်မှ AN-32 အမျိုးအစား သယ်ယူပို့ဆောင်ရေးလေယာဉ် တစ်စီးသည် လေယာဉ်ပေါ် လိုက်ပါလာသူ ၁၃ ဦးနှင့် အတူ ပျောက်ဆုံးနေကြောင်း အိန္ဒိယလာမှ လာသောသတင်းများအရ သိရသည်။

၎င်းလေယာဉ်သည် အိန္ဒိယလေတပ်အရာရှိ ၈ ဦး၊ အရပ်သား ၅ ဦးကို တင်ဆောင်လျှက် လွန်ခဲ့သော တနင်္လာနေ့က နေ့လယ် ၁၂ နာရီ ၂၇ မိနစ်တွင် Jorhat at လေတပ်စခန်းမှ ပျံတက်သွားပြီး တရုတ်နိုင်ငံ နယ်စပ်အနီးရှိ Mechuka  လေတပ်စခန်းတွင် ဆင်းသက်မည်ဖြစ်သည်။

အဆိုပါလေယာဉ်သည် ၎င်းနေ့ နေ့လယ် ၁ နာရီ အချိန်ထိ  မြေပြင်အေဂျင်စီများ အဆက်အသွယ် ရရှိခဲ့ပြီး နောက်ထပ်အဆက်အသွယ်များ ပြတ်တောက်သွားခဲ့သည်ဟု ဆိုသည်။

လက်ရှိ သုံးရက်မြောက်နေ့တွင် ပျောက်ဆုံးနေသော လေယာဉ် ရှာဖွေရေးကို အိန္ဒိယ အာဏာပိုင်များက မြင့်တင်လိုက်ပြီး ၎င်းသယ်ယူပို့ဆောင်ရေးလေယာဉ်ကိုတည်နေရာကိုကူညီ ရှာဖွေရန်  အဆင့်မြင့်အာရုံခံကိရိယာများ၊ ရဟတ်ယာဉ်များ၊ စစ်တပ် မြေပြင်တပ်များ၊ အိန္ဒိ- တိဘက်နယ်စပ် ရဲတပ်ဖွဲ့နှင့်အတူ ဆက်လက်ရှာဖွေနေသည်ဟု သတင်းများတွင် ဖော်ပြထားသည်။

အိန္ဒိယလေတပ်သည် ပျောက်ဆုံး သယ်ယူပို့ဆောင်ရေး လေယာဉ်အား ကျယ်ပြန့်စွာ ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများကို အဆင့်မြင့်အာရုံခံကိရိယာတပ်ဆင်ထားကြသည့် C-130, AN-32, Mi-17 နှင့် ALH (အိန္ဒိယကြည်းတပ်) ရဟတ်ယာဉ်များ စတင်ဆောင်ရွက်ရှာဖွေနေသည်ဟု အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာန၏ ကြေညာချက်ထဲမှာဖော်ပြထားသည်။

Ref: IAF plane missing with 13 on board

ဆက်စပ် သတင်းများ