Preview

ဘင်္ဂလာဒေ့ရှ်တွင် Nateshwar အတွက် ဗုဒ္ဓဘာသာယဉ်ကျေးမှု အမွေအနှစ်တွေ တူးဖော်တွေ့ရှိ

ဇွန် ၀၈/ ၂၀၁၉ | ကြည့်ရှုသူ :2799
နိုင်ငံတကာ သတင်း

နိရဥ္စရာ၊ ဇွန်လ ၈/ ၂၀၁၉

များမကြာသေးမီက ဘင်္ဂလာဒေ့ရှ်နိုင်ငံ Nateshwar မှာ ရှေးဟောင်းသုတေသနကနေ  နှစ်ပေါင်း ထောင်နဲ့ ချီ ရှိနေပြီ ဖြစ်တဲ့ ဗုဒ္ဓဘာသာ အဆောက်အဦးတွေကို တူးဖော်ရရှိခဲ့ပါတယ်။

တူးဖော်ရရှိခဲ့တဲ့ အထဲမှာ ပိရမစ် ပုံသဏ္ဍန် စတူပါ စေတီပုထိုးတွေ၊ ကျယ်ပြန့်တဲ့ လမ်း၊ တရားနာမဏ္ဍပ်နဲ့ ရှေးဟောင်း လူနေအိမ်တွေကိုလည်းတွေ့ရှိတယ်လို့ ဆိုပါတယ်။

ဒီတူးဖော်မှုနဲ့ သုတေသနစီမံကိန်းကဘင်္ဂလာဒေ့ရှ် ယဉ်ကျေးမှုရေးရာဝန်ကြီးဌာနနဲ့ အစိုးရရဲ့ ရှေးဟောင်းသုတေသနဌာနခွဲထံမှ ထောက်ခံမှုနဲ့ အတူ  Bikrampur Foundation ကကြီးကြပ်လျက်ရှိပြီး  ၂၀၁၀ ခုနှစ်မှာ တူးဖော်မှုကို စတင်ခဲ့တယ်လို့ ဆိုပါတယ်။

လွန်ခဲ့သည့် နှစ် ဒီဇင်ဘာလမှ ဒီနှစ် မတ်လ အတွင်း ပိရမစ် ပုံသဏ္ဍန် စတူပါ စေတီတွေနဲ့ အဆောက်အဦတွေ အပြင် တစ်ခြားအရေးကြီးသော ရှေးဟောင်း ပစ္စည်းတွေကို  ရှာဖွေတွေ့ရှိခဲ့တာ တာဖြစ်ပြီး ရှေးဟောင်းသုတေသနစစ်တမ်းနဲ့ အတူ တူးဖော်ကောက်ယူကြတာ ဖြစ်တယ်လို့ Jahangirnagar  တက္ကသိုလ်မှ ရှေးဟောင်းသုတေသဌာန ပါမောက္ခ တစ်ဦးဖြစ်သူဖြစ်ပြီး စီမံကိန်းရဲ့ ဒါရိုက်တာ ဒေါက်တာဆူဖီ (Dr Sufi Mustafizur Rahman) က မကြာသေးမီက ဒီတူးဖော်မှုနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။

သူပြောတာက ၂၀၁၃ နှစ်ကနေ ၂၀၁၈ ခုနှစ်အတွင်း စတုရန်းမီတာ ၅၀၀၀ ကျော်ရှိတဲ့ မြေကွက်တစ်ခုကို ရှာဖွေတွေရှိခဲ့ပြီး လွန်ခဲ့တဲ့နှစ်က ရှေးဟောင်း လူနေအိမ်တည်ဆောက်ပုံတွေကို Ballalbari ဆိုတဲ့ နေရာမှာ တူးဖော်ခဲ့တယ်လို့ဆိုပါတယ်။ ပိ၇မစ်ပုံစံ တည်ဆောက်ပုံနဲ့ ပတ်သက်ပြီး ဒေါက်တာ ဆူဖီက ဒါက ဗုဒ္ဓစတူပါတွေဖြစ်ပြီး ဒီအိန္ဒိယတိုက်ငယ်အတွင်းက Sanchi, Bharhut, Amaravati စတဲ့ နေရာတွေက စတူပါတွေနဲ့ ပုံစံတူတွေလို့ ပြောဆိုပါတယ်။

ပဏာမ တူးဖော်မှုကို ၂၀၁၀ ကနေ ၂၀၁၃ ခုနှစ်ထိ နေရာ (၉) ခုမှာ ပြုလုပ်ခဲ့ပြီး တစ်ချိန်က ဘုန်းတော်ကြီးတွေ နေထိုင်ခဲ့တဲ့ အခန်း ၆ ခန်းကို  တွေ့ရှိခဲ့သလို ဘုရားရှိခိုးတဲ့ မဏ္ဍပ် တစ်ခု၊ ငါးထောင့်ပုံပါတဲ့ စတူပါ ကိုလည်း Rampal မှာတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၁၃ ခုနှစ် Nateshwar’s Deul နယ်မြေမှာ တူးဖော် တွေ့ရှိတာကတော့ ဘုန်းတော်ကြီးကျောင်း၊  ရှစ်ထောင့်ပါ စတူပါနဲ့ အုတ်လမ်းနဲ့ ရေနုတ်မြောင်းတွေကို တူးဖော်တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီ ရှေးဟောင်းသုတေသန နယ်မြေတွေ ဖြစ်တဲ့  Nateshwar ဟာ တောင်အာရှရဲ့ ဗုဒ္ဓဘာသာရဲ့ ဗဟိုချက်ချာ နေရာဖြစ်ဖို့ အလားအလာတွေလည်း ရှိနေသလို ဝင်ငွေတွေ ရရှိနိုင်တဲ့ ကမ္ဘာအမွေအနှစ် နေရာလည်း ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

ကာဗွန်သက်တမ်းအ၇ ဗုဒ္ဓဘာသာဝင်များနေထိုင်သူများ အချိန် ၂ ချိန်သတ်မှတ်ပြီး ပထမတစ်ကြိမ် အေဒီ ၇၈၀ မှ ၉၅၀ နှင့်  ဒုတိယ တစ်ကြိမ် အေဒီ ၉၅၀  မှ ၁၂၂၃ ခုနှစ်ထိဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်ဟု ဒေါက်တာ ဆူဖီက ပြောဆိုသည်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.