Preview

စစ်တကောင်းဆိပ်ကမ်းတွင် ကုန်တင်သင်္ဘောနှင့် ရေနံတင်သင်္ဘော တိုက်မှု ဖြစ်ပွား

ဇွန် ၁၅/ ၂၀၁၉ | ကြည့်ရှုသူ :2377
နိုင်ငံတကာ သတင်း

နိရဥ္စရာ၊ ဇွန်လ ၁၅/ ၂၀၁၉

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်း ဆိပ်ကမ်းတွင် ရေနံတင် သင်္ဘောနှင့် ကုန်တင်သင်္ဘောတစ်စီးတို့ မှု ဖြစ်ပွားခဲ့သည်။

သို့အတွက် သင်္ဘောများ အဝင်အထွက်ကို ၂ နာရီခွဲကြာအောင် အာဏာပိုင်များက ပိတ်ထားခဲ့၇သည်ဟု သတင်းတွင် ဖော်ပြသည်။

ထိုသို့ သင်္ဘောချင်းတိုက်မိသော်လည်း တစ်စုံတစ်ဦးမျှ ဒဏ်ရာ ရရှိခဲ့ခြင်း မရှိကြောင်း သိ၇သည်။

သင်္ဘောချင်းတိုက်မိသည်ကို စုံစမ်း စစ်ဆေးရန် လူ ၃ ဦးပါ ကော်မတီ တစ်ခုကို ဖွဲ့စည်းလိုက်ပြီး စစ်ဆေးတွေ့ရှိချက်ကို သုံးပတ်အတွင်း တင်ပြ၇မည်ဖြစ်သည်။

၎င်းသင်္ဘောချင်း တို်က်မှုသည် ယမန်နေ့ (ဇွန် ၁၄ ရက်) နံနက် ၈ နာရီ ၂၄ မိနစ်တွင် ဖြစ်ပွားခဲ့ပြီး ရေနံတင်ပြီး စစ်တကောင်း ဆိပ်ကမ်းမှ ထွက်ခွာသော ရေနံတင် သင်္ဘော MT Burgan နှင့် စစ်တကောင်း ဆိပ်ကမ်းတွင် ဆိုက်ကပ်ရန် မျက်နာချင်းဆိုင် တစ်ခြား တစ်ဘက်မှ ဝင်လာသော ကုန်တင်သင်္ဘော  Express Mahananda တို့ တိုက်မိကြခြင်း ဖြစ်သည်။

Ref: Two ships collide at Ctg port

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.