နိရဥ္စရာ၊ ဇွန ၁၆/ ၂၀၁၉
ပြင်းထန်သောအပူလိူင်းကြောင့် အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ် (Bihar) ဂါယာတွင်လူ ၁၂ဦးသေဆုံးမှုဖြစ်ပေါ်ခဲ့ရပြီး ပြည်နယ်တစ်ခြားနေရာများတွင် အနည်းဆုံး လူ ၅၀ အပူလိူင်းကြောင့် သေဆုံးခဲ့၇သည်ဟု သတင်းတွင် ဖော်ပြသည်။
သတင်းအရ ပြင်းထန်သော အပူရှိန်ကြောင့် ဘီဟာပြည်နယ်တွင် လူပေါင်း ၁၀၀ ကျော်ကို လွန်ခဲ့သည့် ၂၄ နာရီအတွင်း ဆေးရုံတင်ခဲ့၇သည်ဟု ဆိုသည်။
ဘီဟာပြည်နယ်မှ ဂါယာအပြင် မြို့အပြင် အပူလိူင်းအခြေအနေကြောင့် အကြီးအကျယ် ထိခိုက်နေသည့် မြို့များမှာ Nawada နှင့် Aurangabadတို့ ဖြစ်သည်။
Patna ဒေသတွင် အပူချိန်မှာ တနင်္ဂနွေနေ့က ၄၅ ဒီဂရီ စင်တီဂရိတ် ရှိခဲ့သည်ဟု သတင်းတွင် ဖော်ပြသည်။
မိုးလေ၀သနှင် ဇလဗေဒဌာနက ပြောသည်မှာ Patna ၏ အမြင့် ဆုံး အပူရှိန်မှာ လွန်ခဲ့သည့် ၁၀ နှစ်အတွင်း အမြင့်ဆုံး အပူချိန် အဖြစ် မှတ်တမ်း တင်ခဲ့သည်ဟု ဆိုသည်။
အိန္ဒိယနိုင်ငံ ကျန်းမာရေး ဝန်ကြီးမှ ပြည်သူများကို အပူအရှိန်ကျမှ အိမ်ပြင်ကိုထွက်ရန် အကြံပြုထားသည်။
Patna ရှိ အစိုး၇နှင့် ပုဂ္ဂလိက စာသင်ကျောင်းများအားလုံးကို ဇွန်လ ၁၉ ရက်နေ့ထိ ပိတ်ထားမည်ဖြစ်ကြောင်း၊ ၎င်းမှာ ခရိုင်တာဝန်ရှိသူ၏ ညွှန်ကြားချက် တစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။
Ref: 50 dead in India heat wave