ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ဘင်္ဂလာဒေ့ရှ်ှနှင့်တရုတ်လျှပ်စစ်စီမံကိန်းအလုပ်သမားများခိုက်ရန်ဖြစ်၍ တရုတ်တစ်ဦးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ ဇွန် ၂၀၁၉
  • | ကြည့်ရှုသူ: 2k


နိရဥ္စရာ၊ ဇွန်လ ၁၉/ ၂ဝ၁၉


ဘင်္ဂလာဒေ့ရှ်နိုင်ငံ တောင်ပိုင်း ပါတဝါခါလီခရိုင် လျှပ်စစ်စီမံကိန်း တစ်ခုတွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုအတွင်း တရုတ် အလုပ်သမား တစ်ဦးသေဆုံးသွားခဲ့သည်။ ၎င်းဖြစ်ရပ်မှာ ဘင်္ဂလာဒေ့ရှ် အလုပ်သမား တစ်ဦး လိမ့်ကျသေဆုံးပြီးနောက် ဘင်္ဂလာဒေ့ရှ် အလုပ်သမားများက တရုတ် အလုပ်သမားများကို ၎င်းလူသေမှုကို ဖုံးကွယ်ရန် ကြိုးစားသည်ဟု စွပ်စွဲရာမှ စတင်ဖြစ်ပွားခဲ့သည်။


ရဲတပ်ဖွဲ့ဝင် ၁ဝဝဝ အခြေအနေကို ထိန်းသိမ်းရန် လိုအပ်ခဲ့သည်ဟု ရဲက ပြောသည်။


တရုတ်ကုမ္ပဏီများသည် ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင် ကြီးမားသော ရင်းနှီးမြုပ်နှံမှုများကို ပြုလုပ်နေပြီး ထိုအထဲတွင် လမ်း၊ တံတားနှင့် လျှပ်စစ် စီမံကိန်းများကို ငွေကြေးထောက်ပံ့သည်။


နေရာတစ်ချို့တွင် တရုတ်အလုပ်သမား အများအပြားသည် ဒေသခံများနှင့် ပြသနာဖြစ်ပွားတတ်သည်ဟု သတင်းတွင် ဖော်ပြသည်။


ယခု ပြသနာဖြစ်ပွားသော လျှပ်စစ် စီမံကိန်း နေရာ တည်ရှိရာ Patuakhali ခရိုင်သည် ဘင်္ဂလာဒေ့ရှ်နိုင်ငံ မြို့တော်ဒက္ကားမှ ၁၂၄ မိုင်(ကီလိုမီတာ ၂ဝဝ) အကွာတွင် တည်ရှိပြီး ၎င်းစီမံကိန်းတွင် အလုပ်သမား ၆ဝဝဝ ရှိပြီး ထိုအထဲတွင် ၂ဝဝဝ မှာ တရုတ်အလုပ်သမားဖြစ်သည်ဟု ဆိုသည်။


ဒေသခံ ရဲအရာရှိက ဘီဘီစီ (ဘင်္ဂလီဌာန) သို့ ပြောသည်မှာ အင်္ဂါနေ့ ညဉ့်အချိ်န်က ဘင်္ဂလာဒေ့ရှ် အလုပ်သမား တစ်ဦးသည် အမြင့်မှ လိမ့်ကျပြီးနောက် သေဆုံးသွားခဲ့ကြောင်း၊ ရန်ပွဲ မဖြစ်မီ ၎င်းသေဆုံးမှုနှင့် ပတ်သက်ပြီး တရုတ်နှင့် ဘင်္ဂလီ အလုပ်သမားအကြား အငြင်းအခုံ ဖြစ်ခဲ့ကြကြောင်း သတင်းတွင် ဖော်ပြသည်။  


၎င်းရန်ပွဲအတွင်း တရုတ်အလုပ်သမား ၆ ဦး အပါအဝင် ဒါဇင်နှင့် ချီပြီး ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ၎င်းအထဲမှ တရုတ်အလုပ်သမား တစ်ဦးမှာ ဦးခေါင်းတွင် ဒဏ်ရာရရှိခဲ့ပြီး နောက်ပိုင်းတွင် ဆေးရုံ၌ သေဆုံးခဲ့သည်။


ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး က ၎င်းဖြစ်ရပ်နှင့် ပတ်သက်ပြီး စစ်ဆေးမှု စတင်နေကြောင်း၊ တစ်ဦးတစ်ယောက်ကိုမှ ဖမ်းဆီးခြင်း မရှိသေးကြောင်း၊ အခြေအနေမှာ လက်ရှိ ငြိမ်သက်နေကြောင်း AFP သို့ ပြောကြောင်း သတင်းတွင် ဖော်ပြသည်။


Ref: Bangladesh and China power plant workers in deadly mass brawl

ဆက်စပ် သတင်းများ