Preview

စစ်သွေးကြွနှင့်ဆက်နွယ်သည့် ဘင်္ဂလာဒေ့ရှ်နိုင်ငံသား ၃ ဦး ကာလကတ္တားတွင်ဖမ်းဆီးခံရ

ဇွန် ၂၆/ ၂၀၁၉ | ကြည့်ရှုသူ :1526
နိုင်ငံတကာ သတင်း

နိရဥ္စရာ၊ ဇွန်လ ၂၅/ ၂၀၁၉


အိန္ဒိယနိုင်ငံ ကာလကတ္တားရဲတပ်ဖွဲ့မှ စစ်သွေးကြွများနှင့် ဆက်နွယ်သည့် သံသယဖြင့် ဘင်္ဂလာဒေ့ရှ် နိုင်ငံသား ၃ ဦးအပါအဝင် လူ ၄ ဦးကို ဖမ်းဆီးလိုက်သည်။

၎င်းဘင်္ဂလာဒေ့ရှ် နိုင်ငံသား သုံးဦးမှာ Ziaur Rahman (ခ) Mohsin (ခ)  Jahir Abbas၊  Mamnur Rashi နှင့် Shaheen Alam တို့ဖြစ်ကြပြီး နောက်တစ်ဦးမှာ အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂေါပြည်နယ်မှ Rabiul Islam တို့ ဖြစ်ကြသည်။

ဖမ်းဆီးခံ ဘင်္ဂလာဒေ့ရှ်နိုင်ငံမှ လူငယ် ၃ ဦးမှာ ဘင်္ဂလာဒေ့ရှ် နိုင်ငံတွင် မတရားအသင်း ကြေညာခံထားရသည့်  Jama'atul Mujahideen Bangladesh (JMB)မှ အဖွဲ့ဝင်များဖြစ်ကြပြီး ဘင်္ဂလာဒေ့ရှ်တွင် ဖမ်းဆီးခံရမည်ကို ရှောင်ရှားနိုင်ရန် အိန္ဒိယနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာကြသူများဖြစ်ကြောင်း အိန္ဒိယရဲတပ်ဖွဲ့ ကော်မရှင်နာ Shuvankar Sinha ပြောကြောင်း သတင်းတွင် ဖော်ပြထားသည်။

ဖမ်းဆီးခံ၇သူ ၄ ဦးအား အထူးရဲတပ်ဖွဲ့မှ Sealdah အရပ်မှ ဖမ်းဆီးပြီး နာရီပိုင်းအကြာ အင်္ဂါနေ့လယ်ပိုင်းက ကာလကတ္တားတရားရုံးသို့ ရုံးထုတ်ခဲ့သည်ဟု ဆိုသည်။

၎င်းတို့ အထဲမှ ဘင်္ဂလာဒေ့ရှ် သုံးဦးအား နိုင်ငံခြားသားအက်ဥပဒေဖြင့် အမှုဖွင့်လိုက်ကြောင်း၊ ၎င်းတို့ထံမှ စစ်သွေးကြွ များအား သင်တန်းပြုလုပ်ရာတွင် အသုံးပြုသည့်  ဗီဒီယိုဖိုင်များကို သိမ်းဆည်း၇မိကြောင်း သတင်းက  ဆိုသည်။ 

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.