Preview

အိန္ဒိယ၌ မိုးသည်းထန်စွာရွာသွန်း၍ လူ ၃၀ သေဆုံး

ဇူလိုင် ၀၃/ ၂၀၁၉ | ကြည့်ရှုသူ :3564
နိုင်ငံတကာ သတင်း

နိရဥ္စရာ၊ ဇူလိူင် ၃/ ၂၀၁၉


အဆိုးဆုံးမုတ်သုံမိုးရွာသွန်းမှုကြောင့် မွန်ဘိုင်းနှင့်အနီးအနားရှိမြို့များတွင် နံရံအတားအဆီးများ ပြိုကျ၍ ဇူလိူင် ၂ ရက်နေ့ တစ်နေ့တည်း လူပေါင်း ၃၀ သေဆုံးသွားခဲ့သည်။


၎င်းသေဆုံးမှုသည် ၁၄ နှစ်ကာလအတွင်း တစ်နေ့တည်း၌ လူသေမှုအများဆုံးဖြစ်သည်။


မိုးရွာသွန်းမှုကြောင့် ရထားသွားလာမှုနှင့် လေကြောင်းများအနှောင့်အယှက်များ ဖြစ်ပေါ်ခဲ့ရပြီး စာသင်ကျောင်းများနှင့် အစိုးရရုံးများကို ချက်ချင်း ပိတ်ပစ်ခဲ့၇သည်ဟုဆိုသည်။ 


မိုးသည်းထန်စွာရွာသွန်းမူကြောင့်  မွန်ဘိုင်း အနောက်ပိုင်းဆင်ခြေဖုံး  Malad တွင် တောင်ကုန်း ဆင်ခြေလျှောပေါ်တွင် တည်ဆောက် လူဆင်းရဲနေအိမ်များ အပေါ် နံရံတစ်ခု လဲပြိုကျရာမှ လူ ၂၁ ဦးသေဆုံးခဲ့ပြီး မွန်ဘိုင်းမြို့ မြောက်ဘက်  ၂၆ မိုင်အကွာ Kalyan မြို့တွင်လည်း  ကျောင်းနံရံပြိုကျရာမှ လူသုံးယောက်သေဆုံးခဲ့သည်။


မွန်ဘိုင်းအနောက်ဘက် Pune မြို့တွင်လည်း နံရံပြိုကျပြီး လူ ၆ ဦး မနေ့က သေဆုံးခဲ့သလို ၎င်းသည် လွန်ခဲ့သည့် စနေနေ့က အလားတူ လူ ၁၅ ဦးသေဆုံးပြီးနောက် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။


မွန်ဘိုင်းမြို့၏ နေရာတစ်ချို့တွင် ၂၄ နာရီကျော် မိုးရွာသွန်းရာတွင် မိုးရေချိန်မှာ ၁၄ ဒသမ ၈ လက်မ အထက် ရွာသွန်းခဲ့ပြီး ၁၄ နှစ်အတွင်း အမြင့်ဆုံးမိုးရေချိန်ဖြစ်သည်။ ထိုသို့ စံချိန်တင် မိုးရွာသွန်းမှုကြောင့် လမ်းများ၊ ရထားလမ်းများ ရေနစ်မြုပ်သွားခဲ့ပြီး လူသန်းနဲ့ ချီ နေ့စဉ် အသုံးပြုနေရသည့် ဆင်ခြေဖုံး ရထားများကို ရပ်ထားခဲ့၇သည်။


Heavy rains in India kill 30

#သတင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.