နိရဥ္စရာ၊ ဇူလိူင် ၈ / ၂၀၁၉
အိမ်နီးချင်း ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင် လွန်ခဲ့သည့် (၆) လအတွင်း အနည်းဆုံး အမျိုးသမီး ၆၃၀ အဓမ္မပြုကျင့်ခံခဲ့ရပြီး အဆိုပါနှုန်းထားအရ တစ်ရက်တွင် အမျိုးသမီးဦးကျ ပြုကျင့်ခံနေရသည်ဟု ဘင်္ဂလာဒေ့ရှ် လူ့အခွင့်အရေးအဖွဲ့တစ်ခုမှ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
အမျိုးသမီး ၆၃၀မှာအဓမ္မပြုကျင့်ခံ၇ပြီး ၃၇ ဦးမှာ အဓမ္မပြုကျင့်ပြီးနောက် သတ်ဖြတ်ခံခဲ့ရသည်ဟု ဆိုသည်။ တစ်ခြား အမျိုးသမီး ရ ဦးမှာ အဓမ္မ ပြုကျင့်ခံ၇ပြီးနောက် မိမိကိုယ်ကို သတ်သေသွားခဲ့သည်။
အဓမ္မပြုကျင့်ရန် ကြံစည်ခံခဲ့ကြ၇သည့် အမျိုးသမီး ၁၀၅ ဦးရှိကြောင်း အစီရင်ခံစာတွင်ဖော်ပြသည်။
လွန်ခဲ့သည့်နှစ်က ယခုလိုအချိန် ၆ လအတွင်း၄၂၇ ဦးသာရှိခဲ့ပြီး ယခုနှစ်တွင် အရေအတွက် များပြားလာခြင်းဖြစ်သည်။
လူ့အခွင့်အရေးဖွဲ့ Ain o Salish Kendra (ASK)က ဇူလိူင် ၂ ရက်နေ့ ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြသည်။
Ref: 630 women raped in last 6 months