Preview

ကျောက်တော်မြို့နယ်တွင် ရွာသားတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

ဇူလိုင် ၀၈/ ၂၀၁၉ | ကြည့်ရှုသူ :6380
မှုခင်း သတင်း


သိန်းဇော် (မောင်တော)
စစ်တွေ၊ ဇူလိုင် ၈/၂၀၁၉


ရခိုင်ပြည်နယ်၊ ကျောက်တော် မြို့နယ် မျောက်တောင်ကျေးရွာသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရပြီး နေရာတွင် ပွဲချင်းပြီးသေဆုံးသွားကြောင်း သတင်းရရှိသည်။


သေဆုံးသွားသူမှာ မျောက်တောင်ကျေးရွာမှ ဦးသာဟံကြီး၏သား  ဦးကျော်စိန် (၅၆) နှစ်ဖြစ်သည်။


၄င်းမှာ ဇနီးဒေါ်မသန်းမြင့်နှင့် နေအိမ်တွင်ထိုင်နေစဉ် ဇူလိုင်လ ၄ ရက်နေ့ ည ၈နာရီ မိနစ် ၃၀ ခန့်တွင် ထိုသို့ ပစ်သတ်ခံခဲ့ရခြင်းဖြစ်ကြောင်း မောရမြီ ကိုကျော်လှမြင့်က နိရဥ္စရာ သတင်းဌာနသို့ပြောသည်။


“ အဲဒီနေ့က သူနဲ့ သူမိန်းမ အိမ်မှာ အရှေ့ဘက်ကို မျက်နှာမူပြီး ထိုင်နေတယ်လို့ သိရပါတယ်။ အဲဒီအချိန်မှာ ဒိုင်းနဲ့ အသံတစ်ခုထွက်လာပြီး ဦးကျော်စိန်မှာ နောက်ပြန်လန်သွားပြီး အဲဒီနေရာမှာ သေဆုံးသွားတယ်လို့ သိ၇ပါတယ်။ ဘယ်ကပစ်တယ်ဆိုတာကိုတော့ မသိဘူးလို့ပြောပါတယ်” ဟု ကိုကျော်လှမြင့်က ပြောသည်။


သေနတ်ပစ်ခံ၇ပြီး သေဆုံးသွားသူ ဦးကျော်စိန်မှာ ပြီးခဲ့သည့် ဇွန်လ ၁၂ နေ့ကမှ ထောင်က လွတ်လာသူ တစ်ဦးဖြစ်ပြီး၊ မည်သည့် အတွက်ကြောင့် သေနတ်ဖြင့် ပစ်သတ်ခံရသည်ကို မသိကြောင်း မျောက်တောင်ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးအောင်လှစိန်က ပြောသည်။


ဦးအောင်လှစိန်က “ သူက ထောင်ကလွတ်လာတာမကြာသေးဘူး။ တင်မရဲစခန်းကနေ တရားစွဲပြီး ထောင်ကျသွားတာပါ။ အခုဘာအတွက် ပစ်သတ်ခံ၇လဲ ကျနော်လည်းမသိဘူး” ဟု ပြောသည်။


ယခင်ထောင်ကျခဲ့မှုနှင့် ပတ်သက်ပြီး အုပ်ချုပ်ရေးမှူးအား ဆက်လက်မေးမြန်းရာ သူက “ ကျနော်တို့ ရွာအလွန်က တောထဲမှာ  အထက်တင်းမဆိုတဲ့ ရွာတစ်ရွာရှိပါတယ်။ အဲဒီရွာကိုသွားပြီးတော့ ဗိုလ်ကျတယ်လို့ သိရပါတယ်။ ဓားတစ်ချောင်း၊ ယမ်းထောင်း သေနတ်တစ်လက် ပါတယ်လို့ သိရပါတယ်။ ကျနော်လည်းအတိအကျတော့ မမြင်လိုက်ပါ။ ရွာသားတွေက ဝိုင်းဖမ်းပြီး ရဲလက်ထဲအပ်လို့ ထောင်ကျသွားတာ။ ဇွန် ၁၂ ရက်နေ့ကမှ ပြန်လွတ်လာတာ” ဟု ပြောကြားသည်။


ဖြစ်စဉ်အား အသးစိတ် သိရှိရန် ကျောက်တော် မြို့မရဲစခန်းသို့ ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိသဖြင့် အဆိုပါ အမှုနှင့် ပတ်သက်ပြီး အသေးစိတ် တင်ပြနိုင်ခြင်းမရှိပါ။


ဓာတ်ပုံ ကိုကျော်လှမြင့်

#မူခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.