Preview

ကုလအတွင်းရေးမှူးဟောင်းဘန်ကီမွန်းဇူလိူင် ၁၀ ရက်နေ့က ကော့စ်ဘဇားရှိကူတူပါလောင်ဒုက္ခစခန်းသွားရောက်

ဇူလိုင် ၁၁/ ၂၀၁၉ | ကြည့်ရှုသူ :2257
နိုင်ငံတကာ သတင်း


နိရဥ္စရာ၊ ဇူလိူင် ၁၁/ ၂၀၁၉


ဘင်္ဂလာဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသည့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းသည် ဇူလိူင် ၁၀ ရက် ဗုဒ္ဓဟူးနေ့က မြန်မာနယ်စပ်အနီးရှိ ကော့စ်ဘဇားခရိုင်အတွင် ကူတော့ပလောင် ဒုက္ခသည် စခန်းကို သွားရောက်ခဲ့သည်။


၎င်းစခန်းကို သွားရောက်ပြီးနောင် ဘန်ကီမွန်းသည် သတင်းထောက်များနှင့် တွေ့ဆုံရာတွင် မွတ်ဆလင် ဒုက္ခသည်များ ဘေးကင်း လုံခြုံစွာ အိမ်ပြန်နိုင်ရေး အပေါ် စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားသည်။


လက်ရှိတွင် လိုက်လျောညီထွေမှု ကမ္ဘာလုံးဆိုင်ရာ ကော်မရှင်အဖြစ် ဆောင်ရွက်နေသူ ကုလအတွင်းရေးမှူးချုပ်ဟောင်းသည် ဒုက္ခသည်များကြောင့် သူတို့နေထိုင်ရာ အနီးဝန်းကျင်ရှိ သဘာ၀ပတ်ဝန်းကျင် အကျိုး သက်ရောက်မှုကို ကြည့်ရှုရန် လာရောက်ခဲ့သည်။ 


မာကျွန်းစု သမ္မတ Hilda၊ ကမ္ဘာဘဏ် CEO Kristalina Georgieva နှင့် ဘင်္ဂလာဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး AK Abdul Momen တို့လည်း ကမ္ဘာအကြီးဆုံး ဒုက္ခသည်စခန်း ကူတူပလောင်သို့ အတူ လိုက်ပါခဲ့ကြသည်ဟု ဆိုသည်။


မြန်မာနိုင်ငံမှ ရောက်ရှိနေကြသည့် ကလေးငယ်များ အပါအဝင် မွတ်ဆလင်ဒုက္ခသည်များက ဘန်အား တဲစခန်းများမှ ဆီးကြိုခဲ့ကြပြီး ၎င်းမွတ်ဆလင် ဒုက္ခသည်များ ၎င်းတို့၏ နေရပ်ရင်းသို့ ဘေးကင်းလုံခြုံစွာ ပြန်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း၊ ဘင်္ဂလာဒေ့ရှ်နိုင်ငံ အနေဖြင့် ဤမျှ များပြားသော ဒုက္ခသည်များကို ရေရှည်တွင် လက်ခံထားရန် မဖြစ်နိုင်ကြောင်းတို့ကို ဘန်က ထုတ်ဖော်ပြောဆိုခဲ့ကြောင်း သိရှိ၇သည်။

#သတင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.