Preview

အမျိုးသမီးအသေခံဗုံးခွဲသမား ဗုံးခွဲ၍ ပါကစ္စတန်အနောက်မြောက်ပိုင်းတွင် လူ ရှစ်ဦးသေဆုံး

ဇူလိုင် ၂၁/ ၂၀၁၉ | ကြည့်ရှုသူ :2339
နိုင်ငံတကာ သတင်း

နိရဥ္စရာ၊ ဇူလိူင် ၂၁/ ၂၀၁၉

အမျိုးသမီး အသေခံ ဗုံးခွဲသမားတစ်ဦး ဖောက်ခွဲလိုက်သော ဗုံးကြောင့် ပါကစ္စတန် အနောက်မြောက်ပိုင်းတွင် လူ ၈ ဦးသေဆုံးခဲ့ပြီး ၂၆ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်ဟု ဒေသဆိုင်ရာအာဏာပိုင်များကိုကိုးကားပြီး သတင်းဖော်ပြသည်။

တိုက်ခိုက်မှုမှာ Dera Ismail Khan မြို့၏ ဒေသန္တရ ပြည်သူ့ဆေးရုံတစ်ခု၏ အပြင်ဘက်တွင် တနင်္ဂနွေနေ့ အစောကြီးက ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

၎င်းတိုက်ခိုက်မှုကို  ပါကစ္စတန်တာလီဘန်ဟု လူသိများသည့် Tehrik-e-Taliban Pakistan (TTP)  မှ သူတို့၏ လက်ချက်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသည်။ ၎င်းအဖွဲ့သည် အာဖဂန်နစ္စတန်နယ်စပ်တွင် လူပ်ရှားနေသော သောင်းကျန်းအဖွဲ့ခွဲ တစ်ခု ဖြစ်သည်ဟု သိ၇သည်။

ဒေသဆိုင်ရာ အာဏာပိုင်များ၏ ပြောဆိုချက်အရ ၎င်းတိုက်ခိုက်မှုသည် မြို့ပြင်ဘက် စစ်ဆေးရေးဂိတ်တစ်ခုတွင် ရဲအရာရှိ နှစ်ဦး သတ်ဖြတ်ခံ၇ပြီးနောက် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

၎င်းအလောင်းများကို ဗဟိုဆေးရုံသို့ ယူဆောင်စဉ် ဘူရဂွာ burqa ဝတ်ဆင်ထားသည့် အမျိုးသမီးဟု ယုံကြည်ရသူက လူအများအပြား အသက်ကိုဆုံးရှုံးစေသည့် ဗုံးတပ်ဆင်ထားသော လေသာဂျက်ကက်ကို ရုတ်တရက် ဖောက်ခွဲလိုက်ကြောင်း ဒေသ ဆိုင်ရာရဲအရာရှိ  Waqar Ahmad ပြောကြောင်း သတင်းတွင် ဖော်ပြထားသည်။

ဗုံးကြောင့် ဆေးရုံ၏ အရေးပေါ်ဌာန ထိခိုက်ပျက်စီးခဲ့ပြီး ဒဏ်ရာရရှိသူများကို မြို့၏ တစ်ခြားနေရာများသို့ ပြောင်းရွှေ့ခဲ့၇သည်။

ဗုံးဖောက်ခွဲသည့် ပါကစ္စတန် တာလီဘန်TTP မှ ပြောရေးဆိုခွင့်ရှိသူက ၎င်း ဗုံးဖောက်ခွဲမှုမှာ သူတို့၏ လက်ချက်ဖြစ်ပြီး လွန်ခဲ့သောတစ်လခန့်က တာလီဘန်တပ်မှူးနှစ်ယောက် သတ်ဖြတ်ခံ၇ခြင်းအတွက် လက်စားချေခြင်း ဖြစ်ကြောင်း ပြောဆိုသည်။

သို့သော်ဗုံးခွဲသူမှာ အမျိုးသမီးမဟုတ်ကြောင်း ငြင်းဆိုသည်။


"Female suicide bomber kills eight in northwest Pakistan"

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.