စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

တရုတ်နိုင်ငံအရှေ့ပိုင်းတွင် လက်ကီမာမုန်တိုင်းကြောင့် ၁၈ ဦးသေပြီး ၁၄ ဦးထက်မနည်း ပျောက်ဆုံးနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ သြဂုတ် ၂၀၁၉
  • | ကြည့်ရှုသူ: 4.4k

နိရဥ္စရာ၊ သြဂုတ် ၁၁/ ၂ဝ၁၉

တိုက်ဖွန်းမုန်တိုင်း လက်ကီမာ (Lekima) ကြောင့် စနေနေ့က တရုတ်နိုင်ငံ အရှေ့ပိုင်းတွင် လူ ၁၈ ဦးသေပြီး ၁၄ ဦးထက်မနည်း ပျောက်ဆုံးနေကြောင်း The New Straits Times က“At least 18 dead as Typhoon Lekima slams east China” ဖြင့် သတင်းဖော်ပြသည်။

မုန်တိုင်းကြောင့် ထောင်နှင့်ချီသော သစ်ပင်များလဲကျခဲ့သလို သန်းနှင့် ချီသော လူများအားလည်း ဘေးလွှတ်ရာ သို့ ပြောင်းရွှေ့ခဲ့ရသည်ဟု ဆိုသည်။

မုန်တိုင်းသည် ရှန်ဟိုင်းတောင်ပိုင်း ကျန့်ကျားပြည်နယ်သို့ ဝင်ရောက်လာပြီနောက် အမြင့် မီတာများစွာ ရှိသော လိူင်းလုံးကြီးများသည် ကမ်းရိုးတန်းအား ရိုက်ခတ်ခဲ့သည်ဟု သတင်းတွင် ဖော်ပြသည်။

သေဆုံးမှုမှာ မိုးအဆက်မပြတ်ရွာသွန်းပြီး မြေပြိုရာမှ ဝန်ဇိုး (Wenzhou) မြူနီစပယ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၎င်းဧရိယာမှာ  ရှန်ဟိုင်းမြို့တောင်ဘက် ကီလိုမီတာ ၄ဝဝ ခန့် အကွာ မိုင်အားဖြင့် ၂၅ဝ ခန့်အကွာတွင် တည်ရှိကြောင်း cctv က သတင်းဖော်ပြသည်။

တစ်သန်းထက်များသော လူများကို မုန်တိုင်းတိုက်ခတ်လာသဖြင့် ဘေးလွှတ်ရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်း၊ လူပေါင်း ၁၁ဝဝဝဝ ခန့်မှာ  အမိုးအကာအောက် ခိုလုံနေကြရသည်ဟု ဆိုသည်။

Zhejiangပြည်နယ်တွင် လေယာဉ် ခရီးစဉ် ၃ဝဝ နီးပါးခန့်ကို ဖျက်သိမ်းခဲ့ရပြီး ကြိုတင်ကာကွယ်သည့်အနေဖြင့် ကူးတို့ သင်္ဘော ခရီးစဉ်များနှင့် ရထားဝန်ဆောင်မှု လုပ်ငန်းများကိုလည်း ရပ်တန့်ထားရသည်ဟု သတင်းတွင် ဖော်ပြသည်။

ရှန်ဟိုင်းတွင်လည်း လူပေါင်း ၃ သိန်းကို နေရာပြောင်းရွှေ့ထားရပြီး မြို့တော်မှ လေယာဉ်ကွင်းတစ်ခုသို့ ဆက်သွယ်ထားသည့် မြန်နှုန်းမြင့် ရထား ရီးစဉ်တစ်ခုကိုလည်း ရပ်နားထားရသည်ဟု သိရသည်။

ဆက်စပ် သတင်းများ